Chapter 40

23.3K 3.6K 240
                                    

ကျီးဟန် အစည်းအဝေးခန်းထဲက ထွက်လာချိန်က ပုံမှန်အိမ်ပြန်နေကျထက် နှစ်နာရီတောင် နောက်ကျနေပြီ ။

ဂျူလီယမ်က အကြာကြီးမစောင့်နိုင်တာကြောင့် စောစောပဲ ပြန်သွားခဲ့တယ် ။ ကျီးဟန်ကို ဘာမှတောင် မပြောခဲ့ဘူး ။

သူ့ပစ္စည်းတွေကောက်ထည့်ပြီး လမ်းလျှောက်ထွက်လာခဲ့တယ် ။ သူ့ရုံးခန်းတံခါးဝကိုဖွင့်လိုက်ချိန်မှာ စားပွဲခုံအရှေ့မှာရပ်နေတဲ့ အတွင်းရေးမှူးက သူ့ကို တားလိုက်တယ် ။
"စီအီးအို ဟန် ခဏလေးစောင့်ပါဦးရှင့်"

သူလှည့်ကြည့်လိုက်တော့ ရှက်သွေးဖြာနေတဲ့ မိန်းကလေးနှစ်ယောက်ကို တွေ့လေတယ် ။

"ဘာကိစ္စရှိလို့လဲ?"

"လက်ထောက်မင်အတွက် တစ်ယောက်ယောက်က
ပါဆယ်ပို့လိုက်လို့ပါ "
မိန်းကလေးက ရှက်သွေးဖြန်းနေတဲ့မျက်နှာလေးနဲ့ ခေါင်းကိုငုံ့ကာ ပွင့်နေတဲ့အိတ်တစ်အိတ်ကို သူ့စီ ကမ်းပေးတယ် ။
"လက်ထောက်မင်က အလုပ်ဆင်းသွားပြီမို့ သူ့စီကို ဒါလေး............. ယူသွားပေးနိုင်မလားရှင့်? "

"အိုခေ"
ကျီးဟန်ခေါင်းညိတ်ရင်း အိတ်ကိုလှမ်းယူလိုက်ပြီး ထွက်လာခဲ့လေတယ် ။

သူ ကားထုတ်ပြီး အိမ်ကို ဦးတည်လိုက်တယ် ။
ကားမောင်းနေတုန်း ကားမှာတပ်ထားတဲ့ ဖုန်းအချက်ပြမီးနီလေးလင်းလာတာကြောင့် ကားကိုလမ်းဘေးကပ်ပြီး ဖုန်းနှစ်လုံးကို ထုတ်လိုက်တယ် ။ တစ်လုံးက လုပ်ငန်းအတွက်ဖြစ်ပြီး တစ်လုံးက ကိုယ်ရေးကိုယ်တာအတွက်ဖြစ်တယ် ။

သူ စစ်ကြည့်လိုက်တော့ ကိုယ်ရေးကိုယ်တာအဖြစ်ထားတဲ့ဖုန်းမှာ မစ်ကောလ်တွေ ရဲနေတာပဲ ။

အဲ့ဒါ ရီမင့်စီကပဲ !

သူ မျက်မှောင်ကြုတ်ပြီး ပြန်ခေါ်မလို့ပြင်လိုက်တယ် ။
ဒါပေမယ့် သူမခေါ်ခင် ဂျူလီယမ့်ဖုန်းက ဝင်လာတယ် ။

"ကျီးဟန်"

"ပြောလေ"
ကျီးဟန် Bluetooth ကိုနားမှာတပ်ပြီး ကားမောင်းရင်း ဆိုလိုက်တယ် ။

ဂျူလီယမ်ကြည့်ရတာ တွေဝေတွန့်ဆုတ်နေသလိုပဲ ။
"ခင်ဗျား အလုပ်ဆင်းပြီလား?"

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now