Chapter 82 + 83

18.3K 2.7K 135
                                    

ဆေးရုံကိုရောက်တော့ နေ့လည်စာစားချိန်တောင် ရောက်လုနီးပြီ ။

ကုဖုန်းက ကားတံခါးကိုဖွင့်ပြီး အပြင်ထွက်လာသလို ယုပေါ်ယွင်ကလည်း နောက်ခန်းတံခါးကိုဖွင့်ကာ ထွက်လာတယ် ။ ပြီးတော့သူ့ပစ္စည်းတွေယူကာ ကုဖုန်းကို မရှ်ိသလိုသဘောထားပြီး ဆေးရုံထဲကို ဝင်သွားလေတယ် ။

ဆေးရုံထဲရောက်တော့ ကုဖုန်းက
ယုပေါ်ယွင်အတွက် သီးသန့်ဖွဲ့စည်းထားတဲ့
ပါရဂူတွေနဲ့ သွားရောက်တွေ့ဆုံတယ် ။ ယုပေါ်ယွင်က ကုဖုန်းနောက်လိုက်မသွားဘဲ ပိုင်ရှီးရှန်ရှိရာကိုသာ တန်းသွားလိုက်တယ် ။

ယုပေါ်ယွင်လေး အခန်းတံခါးဖွင့်ဖွင့်ချင်းပဲ ခွေးစာတွေစားလိုက်ရလေတယ် ။
(ခွေးစာစားလိုက်ရတယ်ဆိုတာ သိကြတယ်ဟုတ်)

မန့်မန့်လုံတစ်ယောက် ဒီနေ့
နေ့လည်စာစားချိန်မှာ ဗျာများနေရတယ် ။
သူ မရှိတုန်း သူ့ ရှန်းရှန်းလေး အစားတွေအများကြီးစားပြီး ဗိုက်အောင့်နေမလား ဒါမှမဟုတ် အစား သေသေချာချာမှ စားရဲ့လား ဆိုပြီးတော့လေ ။ အဲ့ဒါကြောင့် နောက်က ကျားလိုက်နေသလို တစ်နာရီအတွင်း မီတင်ကို ဒရောသောပါးလုပ်ပြီး နေ့လည်စာကို ကိုယ်တိုင်ဝင်ဝယ်ကာ ဆေးရုံကိုလာပြီး ရှန်းရှန်းလေးကို ခွံ့ကျွေးနေရတာ ။

"ဟာကွာ ကြက်ကြော်ကို တစ်ကိုက်ကိုက်လေ..ပြီးတော့ ကြက်စွပ်ပြုတ်လေး တစ်ဇွန်းပဲ..သောက်လိုက်ပါဦးကွာ..ရှန်းရှန်းလေးက လိမ္မာပါတယ်ကွာ နော် "

မန့်လုံက စွပ်ပြုတ်ကို ဇွန်းနဲ့အပြည့်ခပ်ပြီး ပိုင်ရှီရှန်းကို ခွံ့နေတာ ။ ယုပေါ်ယွင်လေးက တံခါးခေါက်ပြီး ဝင်လိုက်တဲ့အချိန်နဲ့ ကွက်စတိ ။ ကံဆိုးတဲ့ ယုပေါ်ယွင်လေးခမျာ ကယုကယင် Love scene နဲ့မှ တည့်တည့်တိုးလေခြင်း ။

ယုပေါ်ယွင်က မျက်ခုံးပင့်လိုက်တယ် ။
"အာ! ပျစ်ချွဲနေတာပဲ "

"ကျွန်တော် ဒါကို စားလိုက်တော့မယ် "

မန့်လုံက ခေါင်းညိတ်တယ် ။
"အာ ပါးစပ်လေးဟလိုက်ပါဦး..လာပါ တစ်ဇွန်းပဲ တစ်ဇွန်းပဲ .."

ပိုင်ရှီရှန်းက ရှက်လို့ နားရွက်လေးတွေ ရဲနေတာပဲ ။ သူက မန့်လုံကို စူးစူးလေးကြည့်လိုက်ပြီး ကြက်စွပ်ပြုတ်ပန်းကန်ကိုယူကာ သူ့ဘာသာသောက်နေတော့တယ် ။

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now