Chapter 79 + 80

18.2K 2.8K 181
                                    

ယုပေါ်ယွင်စကားကြားကြားချင်းပဲ လေအလျင်လိုအမြန်နှုန်းနဲ့ ကုဖုန်းတစ်ယောက် အိမ်ထဲဘယ်လိုရောက်သွားမှန်းမသိဘူး ။
ယုပေါ်ယွင်စိတ်ပြောင်းသွားမှားစိုးတဲ့အလား
ဆိုဖာပေါ်ကို ဒရောသောပါးထိုင်ချလိုက်တယ် ။

ယုပေါ်ယွင်ကို ထွက်ကြိုနေတဲ့ အချစ်တော်လေး ကိုရွှေပိန်းဥကတော့ ယုပေါ်ယွင်ကို ကျော်တက်ပြီး သူ့အိပ်ယာလေးထဲမှာ
လှဲချကာ သူ့အမြှီးနဲ့သူ ပြန်ရန်ဖြစ်နေတာ ။
ကုဖုန်းဝင်လာတာလဲမြင်ရော ဆတ်ခနဲခုန်ထပြီး ကုဖုန်းအနားလျှောက်လာကာ ကျားသစ်ပေါက်လေးတစ်ကောင်လို ရန်ဆောင်တော့တာပဲ ။ သူ့မျက်လုံးဝိုင်းကြီးတွေနဲ့ ကုဖုန်းကို စူးစိုက်ကြည့်ပြီး အော်လိုက်လေတယ် ။
"မြောင် "

ဒီတစ်ကြိမ်​တော့ ပိန်းဥလေးရဲ့အထာကို ကုဖုန်းနပ်သွားပြီ ။ သူက လက်လှမ်းပြီး ပိန်းဥလေးခေါင်းကို ပုတ်ပြီး ဆိုလိုက်တယ် ။
"ဒီနေ့တော့ မင်းအတွက် ငါးယူလာခဲ့ဖို့ မေ့သွားတယ် "

ပိန်းဥလေး ကြေကွဲသွားပြီ ။
သူ့ခေါင်းကိုပုတ်နေတဲ့ ကုဖုန်းလက်ကို ရှောင်လိုက်ပြီး ချာကနဲလှည့်ကာ အေးတိအေးစက်လျှောက်သွားတော့တယ် ။

ဝါး တကယ်ကို ခံစားချက်မဲ့တဲ့ ရေခဲရိုက်ကြောင်ပဲ !

ခဏကြာတော့ အိပ်ခန်းထဲက ယုကော်ယွင်ထွက်လာပြီး ကုဖုန်းဘေးမှာ ဝင်ထိုင်တယ် ။
"ခင်ဗျားလက်ပေး "

ကုဖုန်းက နာနာခံခံနဲ့ပဲ သူ့လက်ကို ယုပေါ်ယွင်ရှေ့ ထုတ်ပေးလိုက်တယ် ။

ယုပေါ်ယွင်က သတိမမူဘဲ အားပြင်းပြင်းနဲ့ပိတ်လိုက်တာ ။ ဒါကြောင့် ကုဖုန်းလက်က တော်တော်လေးထိချက်ပြင်းသွားတယ် ။
လက်ဆစ်တွေ နီရဲပြီး ယောင်ကိုင်းနေပြီ ။
တချို့လက်ချောင်းတွေဆို သွေးခြေတောင်ဥနေပြီ ။ ဘယ်လောက်နာနေမလဲဆိုတာ ကြည့်ရုံနဲ့သိနိုင်တယ် ။

ယုပေါ်ယွင်မျက်မှောင်ကြုပ်ပြီး အိမ်သုံးဆေးသေတ္တာလေးထဲက ဒဏ်ကြေဆေးထုတ်ပြီး လမ်းပေးလိုက်တယ် ။

"ခင်ဗျားလက်ကို ရေခဲကပ်ရမယ်..ဒီမှာထိုင်နေ..ကျွန်တော် ရေခဲသွားယူလိုက်ဦးမယ် "

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now