အခြားတစ်ဖက်မှာတော့ အန်ဒီဟာ ပြင်သစ်စားသောက်ဆိုင်ကနေပြီး သူ့ရဲ့ဗီလာကို အတော်လေးညဥ့်နက်ချိန်ရောက်မှပဲ ပြန်သွားခဲ့တယ်။
ဗီလာတစ်ခုလုံး တိတ်ဆိတ်နေပြီး အလုပ်သမားအနည်းငယ်က သူ့ကို စောင့်နေကြတယ်။
သူ ဗီလာထဲကို ဝင်လာပြီးနေါက် အပေါ်ထပ်suitကို ချွတ်ကာ ရှပ်အင်္ကျီကြယ်သီးတွေဖြုတ်လိုက်တယ်။
"Chester"အိမ်တော်ထိန်းက သူ့လက်ထဲက လုပ်လက်စတွေကို ချကာ
"ပြန်လာပြီလား သခင်လေး အန်ဒီ?"အန်ဒီ ခေါင်းညိတ်လိုက်တယ်။
"သခင်လေး ဗိုက်ဆာနေလား?..ညလယ်စာ ပြင်ပေးရမလား?"
"မလိုပါဘူး"
သူ ငြင်းလိုက်တယ်။ခဏ တုန့်ဆိုင်းသွားပြီးမှ
"ဒီနေ့........တစ်ယောက်ယောက်များ ဖုန်းခေါ်သေးလား?""တစ်ယောက်တော့ရှိတယ်"
အန်ဒီရဲ့ အနက်ရောင်မျက်လုံးတွေ လက်ခနဲတောက်သွားတယ်။
"ဘယ်သူလဲ?""သူ့အသံကို ကျွန်တော် မကျက်မိဘူး..ဒါပေမယ့် သူပြောတာက သခင်လေးတို့ဆောက်လုပ်ရေးအဖွဲ့အတွက် ငွေသားဒေါ်လာ ၈၈၀၀နဲ့ အရည်အသွေးကောင်းတဲ့ အိပ်ယာလေးစုံ(မွေ့ယာ၊ကုတင်၊ခေါင်းအုံး၊ဖက်ခေါင်းအုံး၊စောင်အိပ်ရာခင်း အဲ့လိုအစုံလိုက်ပါတဲ့ လေးစုံ)ကို The Black Bull Group ကနေ ပြန်ပို့ပေးလိုက်ပါတယ်တဲ့"
အန်ဒီရဲ့မျက်နှာက ချက်ချင်းကို မည်းမှောင်သွားတယ်။
"အဲ့လို အရည်မရ အဖတ်အရ ဖုန်းတွေကို လက်မခံနဲ့ !"အိမ်တော်ထိန်းကြီးက တခစ်ခစ်ရယ်ရင်း
"ဟုတ်ကဲ့ပါ သခင်လေး""ကျေးဇူးပြုပြီး အိမ်ကို ဆက်ပြီးသန့်ရှင်းလိုက်ပါဦး..
ကျွန်တော် အပေါ်တက်တော့မယ်"အိမ်တော်ထိန်းကြီးပြုံးကာ မျက်မှန်ကို ပင့်တင်ရင်း
"ကောင်းသောညပါ သခင်လေး"အန်ဒီ အပေါ်ထပ်တက်လာရင်းနဲ့ သက်ပြင်းချမိတယ်။bathrobeတစ်ထည်ယူပြီး ရေချိုးခန်းထဲ ဝင်လိုက်တယ်။
သူ ရေချိုးနေရင်း ဘာကြောင့်ရယ်မသိ လူတစ်ယောက်သုံးနေကျ showerကို ယူသုံးလိုက်မိတယ်။
YOU ARE READING
Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]
Fantasyကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်တဲ့ ကောင်လေးရယ် သွက်သွက်လက်လက် ထက်ထက်ြမက်မြက်နဲ့ ပျော်ပျော်နေတတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ကောင်လေးတစ်ယောက်ရယ် သူတို့နှစ်ယောက် ဆုံတွေ့ကြတဲ့အခါ နှစ်ယောက်ကြားမှာ ဘာတွေဖြစ်လာမှာလဲ Author::Ju...