Chapter 58

19.2K 2.5K 23
                                    

ယုပေါ်ယွင် တစ်ကိုယ်လုံး အေးစက်သွားလေတယ် ။

ဒီ ...ဒီ e mail ထဲက အကြောင်းက..........!

သူ အလောတကြီးနဲ့ အောက်ဆုံးထိ ဆွဲချပြီး ကိုယ်ရေးအချက်အလက်တွေကို သေချာ ပြန်ကြည့်လိုက်တယ် ။

မလွဲပါဘူး ။ သူ့အကြောင်း စစ်စစ်ကြီးပါပဲ ။
မှတ်ချက်(comments)တစ်ချို့တောင် ရှိနေခဲ့ပြီ ။

(Chapter 57 မှာ ကွန်ပျူတာလို့ ရေးခဲ့မိတယ်..တကယ်တော့ Laptop ပါ...အားနာနာနဲ့ပဲ Laptop လို့ ပြင်ဖတ်ပေးပါလို့ 😁)

မှတ်ချက် - ၁ :
သူက ပိုက်ဆံသာရမယ်ဆို ပိုင်းလုံးလုပ်ဖို့လဲ ဝန်မလေးဘူး ။

မှတ်ချက် - ၂ :
သူ ချူစားနေကျ သူ​​ဌေးတစ်ယောက်ရှိတယ်လေ ။ အဲ့ သူဌေးက သူ့ကို တော်တော်လေး နှစ်သက်တာ ။

မှတ်ချက် - ၃ :
အမလေး.. မပြောချင်လည်း ပြောရဦးမယ် ။ သူနဲ့ အဲ့ဒီ သူဌေးက sex party မှန်သမျှ
အလွတ်မခံဘူးနော် ။ ဘယ် အဖွဲ့အစည်းကလုပ်တဲ့ sex party ပဲ ဖြစ်ဖြစ် သူတို့ ၂ ယောက်လုံး ရောက် ရောက် လာကြတယ် ။

မှတ်ချက် - ၄ :
ဟဲ့ အဲ့ဒါတင်မဟုတ်သေးဘူး ။ သူက group sex လည်း ရတယ်နော် ။

မှတ်ချက် - ၅ :
ဟာ ဒီကောင်က တကယ်ကို လူ့အမှိုက်ပဲ ။

မှတ်ချက် - ၆ :
ဖာခေါင်းအကြီးစားလို့တောင် ပြောရမလိုပဲ ။

မှတ်ချက် - ၇ :
သူ့မှာ အရှက်ဆိုတာ မရှိတော့ဘူးလား မေးကြည့်စမ်းပါ ။

မှတ်ချက် - ၈ :
ရွံစရာ ကောင်ပါကွာ ။

မှတ်ချက် - ၉ :
ဝေးဝေးက ရှောင်ကြ ။

မှတ်ချက် - ၁၀ :
စိတ်ချစမ်းပါ ။ သူ့အနားကပ်မယ့်အစား မစင်တွင်းထဲပဲ ခုန်ဆင်းလိုက်တော့မယ် ။

မှတ်ချက်တွေက အမှားတွေချည်းပဲ​တော့ မဟုတ်ဘူး ။ အမှန်တရားလည်း ရောနှောပါဝင်နေတယ် ။ ဒါပေမယ့် တကယ့်လက်တွေ့အမှန်တရားကိုတော့ ဘယ်သူကမှ ကွဲကွဲပြားပြား မသိကြပါဘူး ။ ကိုယ့်ရဲ့ထင်တစ်လုံးနဲ့ လူတစ်ယောက်ကို မှိုချိုးမျှစ်ချိုး ပြောဖို့လောက်ပဲ စိတ်ဝင်စားတာ ။ အဲ့လိုလူတွေက အင်မတန်ကြောက်စရာ ကောင်းလွန်းတယ် ။

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now