Chapter 69

16.9K 2.5K 35
                                    

ရက်အနည်းငယ်ပင် ကုန်လွန်သွားခဲ့​ပြီ ။

Super Ingot ရဲ့ ရောင်းအားက ကောင်းနေဆဲပဲ ။ delivery နဲ့ပါ အလွယ်တကူမှာယူလို့ရတာကြောင့် Milk tea ရော သူ့ဆိုင်က တခြားစားသောက်ကုန်တွေပါ အတော်လေးကို အရောင်းသွက်နေတာပေါ့ ။

ယုပေါ်ယွင်လေးကတော့ နေ့စဥ်နေ့တိုင်း ငွေတွေရေတွက်ပြီး အပျော်ကြီးပျော်နေလေရဲ့ ။

ဟုတ်တာပေါ့ ။
တခြားအကြောင်းရင်းတစ်ခုလည်းရှိသေးတယ်လေ ။ အဲ့ဒါက ဟိုရက်ပြီးတည်းက ကုဖုန်းကို သူမတွေ့ရတော့ဘူး ။ သူ ပြောလိုက်တဲ့ စကားတွေကို တကယ်ကြီး နားလည်သွားတဲ့ပုံပဲ ။ သူ့အနားကို တစ်ခါမှ မလာတော့ဘူး ။ ဒါပေမယ့် သူ့အတွက် အားဆေး ၊ တိုင်းရင်းဆေးအားဖြည့်စွပ်ပြုတ် ၊ အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေနဲ့ အာဟာရဓာတ်ကြွယ်ဝတဲ့ သစ်သီးအမျိုးမျိုးကို ကုဖုန်းအစား ရှောင်ကျိုးကိုသာ နေ့စဥ်နေ့တိုင်း မပျက်မကွက် ပို့စေခဲ့တယ် ။

ယုပေါ်ယွင်လေးက ရှောင်ကျိုးကိုတော့ ဖော်ဖော်ရွေရွေပဲ ဆက်ဆံခဲ့တယ် ။
ကုဖုန်းကိုဆက်ဆံသလို ဘယ်လိုလုပ်ဆက်ဆံရက်မှာလဲ ။ ရှောင်ကျိုးက သူ့အပေါ်ကို ဟိုအရင်အချိန်တွေတည်းက ဂရုစိုက်ပေးခဲ့တာ ။
သူကလည်း စိတ်ဓာတ်အောက်တန်းကျတဲ့သူ မဟုတ်သလို အတွင်းပုပ်တစ်ယောက်လည်းမဟုတ်ဘူး ။ ပြီးတော့ ရေရှည်မှာ တစ်ယောက်နဲ့တစ်ယောက် ဆက်ပြီးမျက်နှာချင်းဆိုင်နေရဦးမှာလေ ။ အမှန်တရားကို သူ နားလည်တာပေါ့ ။

ရှောင်ကျိုးက လာနေကျအချိန်မှာပဲ ယုပေါ်ယွင်ရဲ့ဆိုင်ကို ရောက်လာတယ် ။ ယုပေါ်ယွင်ရှေ့မှာ တန်ဖိုးကြီးပြီးရှားပါးတဲ့ ဆေးဘက်ဝင်ပစ္စည်းတွေနဲ့ချက်ပြုတ်ထားတဲ့ စွပ်ပြုတ်ကို ချပေးလိုက်လေတယ် ။

"ယု သခင်လေးရေ..ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦးနော် "

"ရှောင်ကျိုး "
ယုပေါ်ယွင်က အကူအညီမဲ့နေတဲ့အကြည့်လေးနဲ့ ခေါ်လိုက်တယ် ။
"ကျွန်တော် ဒါတွေမလိုပါဘူးလို့ ပြောထားတယ်လေဗျာ...အပန်းမကြီးရင် အစ်ကိုပြန်ယူသွားပေးပါ"

"မရပါဘူး "
ရှောင်ကျိုး ခေါင်းကို ပြုတ်ထွက်မတတ်ခါလိုက်တယ် ။
"ဥက္ကဌ ကု က သူ မသွားခင် သေချာမှာသွားတယ်..ကျွန်တော်တို့ ဒါကို လွန်ဆွန်လို့မရဘူးလေ..ယု သခင်လေး သိသားနဲ့ "

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now