Chapter 90

16.2K 2.7K 229
                                    

ချန်းကွမ်ထောင်ရဲ့ အမူအယာက ချက်ချင်းပဲ ပြောင်းလဲသွားတယ် ။ အရိုးတစ်ချောင်း
တွေ့လိုက်တဲ့ ခွေးတစ်ကောင်လိုပဲ ။ သူက ရှောင်ကျိုးလက်ကို ခင်မင်ရင်းနှီးစွာနဲ့ ဆုပ်ကိုင်လိုက်တယ် ။
"လက်ထောက် ကျိုး...ဥက္ကဌကုက ဒီမှာလား...ကျွန်တော် သူနဲ့ အရေးတကြီးဆွေးနွေးစရာလေး ရှိလို့ပါ.."

ရှောင်ကျိုးက ချန်းကွမ်ထောင်နောက်မှာ ရပ်နေတဲ့ ချန်းလင်လင်းကို တစ်ချက်ကြည့်လိုက်တယ် ။

ချန်းလင်လင်းက ကာရံထားတဲ့မှန်ချပ်ကိုဖြတ်ပြီး အထဲမှာ အေးဆေးစွာ လှုပ်ရှားနေကြတဲ့ ပုံရိပ်နှစ်ခုကို ကြည့်နေခဲ့တာ ။
သူက သူ့လက်နှစ်ဘက်ကို တင်းတင်းဆုပ်ပြီး သူ့အဖေကို ပြောတယ် ။
"အဖေ ဒီမှာ စောင့်နေ..ကျွန်တော်အထဲသွားလိုက်ဦးမယ် "

ချန်းကွမ်ထောင် ဘာမှပြန်မပြောဘူး ။

ချန်းလင်လင်း အသက်ပြင်းပြင်းရှူပြီး ခြေလှမ်းစလိုက်တယ် ။ ဒါပေမယ့် ရှောင်ကျိုးက သူ့ရှေ့မှာ လက်ကိုဆန့်ထားပြီး ပိတ်ရပ်လိုက်တယ် ။

"ချန်း သခင်လေး ကျွန်တော်တောင်းပန်ပါတယ်..မစ္စတာ ကုက ပိုက်ဆံပေးပြီး တစ်ထပ်လုံးကို ငှားထားတာ..သခင်လေးဝယ်ချင်တာရှိရင် နောက်မှပြန်လာခဲ့ပါဗျာ "

"ငါက ကုဖုန်းကို တွေ့ချင်တာ "
ချန်းလင်လင်းက ရှောင်ကျိုးကို တည့်တည့်ကြည့်ပြီး ပြောတယ် ။

ရှောင်ကျိုးက အပြုံးမပျက်ပါဘူး ။ ဒါပေမယ့် ရပ်နေရာကလည်း တစ်လက်မလေးတောင် ရွှေ့မပေးဘူး ။
"တောင်းပန်ပါတယ်..အခု အထဲဝင်လို့မရပါဘူး "

သူတို့နှစ်ယောက် ဒီအခြေအနေနဲ့ ရပ်နေတာ အတော်ကြာပြီ ။ ချန်းလင်လင်း သည်းမခံနိုင်တော့ဘူး ။ နောက်ဘက်ကို ခြေတစ်လှမ်းဆုတ်ပြီး ဖုန်းခေါ်လိုက်တယ် ။
"ကုဖုန်း ကျွန်တော် တံခါးဝမှာ ရောက်နေတယ်..ကျွန်​တော် ခင်ဗျားနဲ့ တွေ့ချင်တယ်...တစ်ခါတည်းပါ........တစ်ကယ်ကို တစ်ခါတည်းပါ...............
ကျွန်တော် ခင်ဗျားကို ထပ်ပြီးမနှောင့်ယှက်တော့ဘူးလေ ...ကတိပေးပါတယ်...တစ်ခါလောက်တော့ တွေ့ခွင့်ပေးပါ.. Please! "

ကုဖုန်းက ဘာပြန်ပြောလဲ မသိဘူး ။ ခဏနေ​တော့ ရှောင်ကျိုးဆီ ဖုန်းကို ကမ်းပေးလေတယ် ။

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now