Chapter 86

16.2K 2.5K 54
                                    

သူငယ်ချင်းနှစ်ယောက်သား စကားတပြောပြောနဲ့ အချိန်ကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ဘူး ။ လုရန်က မပြန်ချင်သေးပေမယ့် သူ့မှာကလည်း နောက်ဆံတင်းစရာတွေနဲ့ ။ ဒါကြောင့် ယုပေါ်ယွင်ကို နှုတ်ဆက်ပြီး ဘတ်စ်ကားမှတ်တိုင်ကို လျှောက်လာတယ် ။

ယုပေါ်ယွင်လေးတစ်ယောက်တည်း ပျင်းပြီးကျန်ခဲ့တာပေါ့ ။ အပျင်းပြေလိုပြေငြား သတင်းနားထောင်မယ်ဆိုပြီး ကွန်ပျူတာကို ဖွင့်လိုက်တယ် ။

ကု ကုမ္ပဏီမှာ လက်ထောက်လုပ်ချိန်ကစပြီး
စီးပွားရေးနဲ့ပတ်သတ်တဲ့သတင်းတွေ ကြည့်ရတာကို အရမ်းပဲကြိုက်နှစ်သက်လာတာ ။
အခုလည်း website ထဲဝင်လိုက်တာနဲ့ သူ ကြည့်ချင်တဲ့ စီးပွားရေးသတင်းတွေက အော်တို တက်လို့လာတယ် ။

ဒါက............!

ယုပေါ်ယွင် မျက်မှောင်ကုပ်ပြီး သေချာကြည့်လေတယ် ။

ချန်း ကုမ္ပဏီရဲ့ ရှယ်ယာစျေးတွေက တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ကျဆင်းလာနေတယ် ။
သူတို့ နောက်ဆုံးအနေနဲ့ အိတ်သွန်ဖာမှောက်ပြီး ရင်းနှီးထားရတဲ့ အိမ်ရာစီမံကိန်း( ကုဖုန်း နှုတ်ထွက်လိုက်တဲ့ စီမံကိန်းလေ...မှတ်မိကြသေးလား)ကိုလည်း ရင်းနှီးမြှုပ်နှံမှုသူတွေက လက်ရှောင်သွားကြပြီ ။

စီမံကိန်းရှယ်ယာတွေကလည်း ထိုးကျသွားလိုက်တာ !

ယုပေါ်ယွင် ကလစ်တစ်ချက်နှိပ်ပြီး အသေးစိတ်အချက်အလက်တွေကို ဖတ်ရှုလေတယ် ။

လတ်တလောဖြစ်ပျက်နေတဲ့ ချန်းကုမ္ပဏီရဲ့ အကြောင်းတွေကို သူ အတော်လေး တီးမိခေါက်ထားတယ် ။ ချန်းကုမ္ပဏီက အန္တရာယ်များတဲ့ အနေအထားမှာရောက်နေခဲ့တာ ။
ဒါပေမယ့် ကံလေးကောင်းနေတာက အကြီးဆုံးအိမ်ရာစီမံကိန်းကြီးကို လက်ဝယ်ကိုင်ဆောင်ထားနိုင်သေးတာပဲ ။ အဲ့ဒီစီမံကိန်းကိုသာ ကောင်းကောင်းကြီး စီမံခန့်ခွဲနိုင်မယ်ဆိုရင် သူတို့ ဒီအခြေအနေကို ကျော်လွှားနိုင်မှာ ။ အခက်အခဲတွေတော့ ရှိတာပေါ့ ။

သူလည်း အဲ့ဒီစီမံကိန်းကို အာရုံစိုက်ခဲ့ဖူးတယ် ။ ခက်ခဲတယ်ဆိုပေမယ့် သူတို့က လက်လွတ်မခံခဲ့ဘူး ။

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now