Chapter 97

14.2K 2.5K 178
                                    

ယုပေါ်ယွင်ရဲ့ အပြုံးမျက်နှာလေးကိုကြည့်ပြီး ကုဖုန်းရင်ထဲ နာကျင်လာရတယ် ။

ပိုင်ရှီရှန်းသာ မပြောပြခဲ့ရင် ဒီအပြုံးနောက်ကွယ်က ယုပေါ်ယွင်ရဲ့ နှလုံးသားကို သူ မြင်နိုင်မှာ မဟုတ်ဘူး ။ မြင်အောင်လည်း မကြည့်တတ်ခဲ့ဘူး ။ ဒါပေမယ့် အခုတော့ သူ ကောင်းကောင်းကြီး မြင်နိုင်ခဲ့ပါပြီ ။

ယုပေါ်ယွင် ပြုံးနေခဲ့တယ်ဆိုတာ တကယ်ပျော်ရွှင်နေလို့မှ မဟုတ်တာ ။
သူ့ ရင်ထဲက ဝမ်းနည်းနာကျင်မှု ၊ ထိခိုက်
ကြေကွဲမှု ၊ စိတ်ပျက်အားငယ်မှုတွေကနေ မြစ်ဖျားခံလာတဲ့ ခါးသီးတဲ့အပြုံးတွေပဲ ။
ယုပေါ်ယွင် အရမ်းကို နာကျင်ခဲ့ရမှာ ။

ကုဖုန်း သိတာတစ်ခုတော့ရှိတယ် ။
အဲ့ဒါက ခုနောက်ပိုင်းမှာ ယုပေါ်ယွင်က စီးပွားရေးကိုပဲ တစိုက်မတ်မတ် စိတ်နှစ်ထားတယ် ။ သူ့သားကို ပြုစုပျိုးထောင်ဖို့ ငွေကောင်းကောင်းရှာရမယ်လို့ ဆုံးဖြတ်ထားပုံလည်းရတယ် ။ မစ်တီးဆိုင်လေးဖွင့်ပြီး ထင်ထားတာထက် အောင်မြင်နေလို့ သူ အတော်လေး ပျော်နေခဲ့တာ ။ ဒီမစ်တီးဆိုင်လေးက
ယုပေါ်ယွင်အတွက် အရာရာတိုင်းတော့မဟုတ်ဘူး ။ ဒါပေမယ့် သူ့ဘဝအသစ်ရဲ့ ခြေလှမ်းအစဖြစ်ရုံသာမက သူ့ရဲ့မျှော်လင့်ချက်ရောင်ခြည်လေးလည်းဖြစ်တယ် ။ အဲ့ဒါကြောင့် ဒီနေ့ ရိုက်ခတ်မှုက သူ့အတွက် အရမ်းကြီးကြီးမားမားကြီးမဟုတ်ပေမယ့် ပေါ့သေးသေးလည်း မဟုတ်ပြန်ဘူး ။

ကုဖုန်းက ပိုင်ရှီရှန်းရဲ့ စကားတစ်ခွန်းကို ဖြတ်ခနဲ သတိရသွားတယ် ။ ယုပေါ်ယွင်က သူ့နာကျင်မှုတွေအားလုံးကို အပြုံးတစ်ခုနဲ့ဖုံး
ကွယ်ထားပြီး ဘယ်သူ့ကိုမှ ပေးမသိဘဲ
နှလုံးသားရဲ့ အောက်ခြေတစ်နေရာမှာ သိုဝှက်ထားခဲ့တာ ။ မြိုသိပ်ပါများလာတော့လည်း အစိုင်အခဲသေးသေးလေးက ထုထည်ကြီးမားတဲ့ အကြိတ်အခဲကြီးဖြစ်လို့သွားပြီပေါ့ ။ ပိုင်ရှီရှန်းကြောက်တာက အဲ့ဒီအကြိတ်အခဲကြီး လုံးလုံးလျားလျားပေါက်ကွဲသွားမယ့်နေ့ကိုပဲ ။ အဲ့ဒါက ယုပေါ်ယွင်ကို အဆိုးဆုံးအခြေအနေတွေ ဖြစ်ပေါ်စေလိမ့်မယ် ။

ပိုင်ရှီရှန်းပဲ ကြောက်တာ မဟုတ်ဘူး ။ ကုဖုန်းလည်း ကြောက်နေတယ် ။ ကြောက်လွန်းလို့ သူ့ရင်ခုန်သံတွေတောင် မူမမှန်ချင်တော့ဘူး ။
ကုဖုန်း စိုးရိမ်တကြီးနဲ့ ယုပေါ်ယွင်လက်ကိုဆတ်ခနဲ ဖမ်းဆုပ်လိုက်တယ် ။
"မစိုးရိမ်ပါနဲ့..ငါလည်း ရှိ-----------"

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now