Chapter 36

23.6K 3.3K 121
                                    

"ငါ့ကို ဦးတွေညွှတ်မနေပါနဲ့ကွာ..
သိပ်လွန်ရာကျပါတယ် "

တကယ်ပါပဲ !
စိတ်ပျက်လွန်းလို့ !

"ကျွန်တော် တောင်းပန်ပါတယ်..ကျွန်တော် တကယ် တောင်းပန်ပါတယ် "
ဂျူလီယမ်ရဲ့မျက်လုံးတွေထဲမှာ သူ့ကိုယ်သူအပြစ်တင်ခြင်းတွေနဲ့ စိတ်ထိခိုက်ခြင်းတွေ ပြည့်နှက်နေတယ် ။
"ဒါတွေအားလုံးက ကျွန်တော့်ရဲ့အသုံးမကျမှုတွေကြောင့်ပါ...ခင်ဗျား ဒီလောက်စိတ်ရှည်ရှည်ထားပြီး သင်ကြားပြသပေးခဲ့တာတောင် ကျွန်တော်ကတော့ ခင်ဗျားကို ဒုက္ခတွေပဲ ပေးနေမိတယ်.."

"မင်းကို သူက သင်ပြပေးရမှာပဲလေ "
နက်ရှိုင်းတဲ့ ယောက်ျားတစ်ယောက်အသံက ထွက်ပေါ်လာလေတယ် ။

မျှော်လင့်ထားတဲ့အတိုင်းပါပဲ ။
စီအီးအို ဟန်ကြီးပဲပေါ့ ။

"အဲ့ဒါ သူ့အလုပ်ပဲ..မင်းတောင်းပန်စရာမလိုဘူး..
ဒီကိုလာခဲ့"

ဂျူလီယမ်က ကိုယ်ဟန်ပြန်မတ်ကာ ကျီးဟန်ဆီကို လျှောက်သွားတယ် ။ သူ့မျက်လုံးလေးတွေက တောက်ပနေလိုက်တာ တလက်လက်နဲ့ ။

"ဘာကြောင့် အဲ့လိုပြောရတာလဲ ?
မင်ကောက ကျွန်တော့်ကို ကောင်းကောင်းသင်ပြပေးနေတာ..
ကျွန်တော်လုပ်ထားတာကို သူစိတ်ကျေနပ်မှုမရှိရင် ကျွန်တော့်ကို ပြန်လုပ်ခိုင်းခွင့် သူ့မှာရှိတာပဲလေ..
အဲ့ဒါက နည်းနည်းတော့ခက်ပေမယ့် ကျွန်တော် အများကြီးသင်ယူနိုင်သွားတာပေါ့ "

ကျီးဟန်က ဂျူလီယမ့်ဆံပင်လေးတွေကို ထိုးဖွလိုက်တယ် ။
"မင်းအရမ်းကြီး အားစိုက်ထုတ်စရာမလိုပါဘူး "

"ကျွန်တော် ပင်ပန်းမှာမကြောက်ပါဘူးနော် "
ဂျူလီယမ်က တောက်တောက်ပပကို ပြုံးနေတာ ။
"ကျွန်တော့်ရဲ့စွမ်းရည်တွေကို အရောင်တင်ပေးဖို့ လိုသေးမှန်း ကျွန်တော်သိပါတယ်..ဒါကြောင့် မင်ကော ကျွန်တော့်ကို ဆူသင့်ပါတယ်..ဒါက ကျွန်တော်ကောင်းဖို့အတွက်ဆိုတာလည်း ကျွန်တော်နားလည်ပါတယ်.."

"မဟုတ်ဘူး..မင်းမှားနေပြီ "
ရီမင် ဖျားချင်သွားတယ် ။

ဒီကောင် ဘယ်လိုတောင် ကြာပန်းဖြူဆန်ရတာလဲ ?

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now