Chapter 119-1

14.8K 2.6K 208
                                    

ကလေးလေးကို ထုတ်ယူပြီးမှပဲ လူတိုင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြတယ် ။

အမျိုးသမီး နဲ့ အမျိုးသားရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံခြင်း ဘယ်လောက်ပဲ ခြားနားပါစေ ခုတော့ ကလေးလေးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီ ။ ချက်ကြိုးလည်း သေသပ်စွာ အမှားအယွင်းကင်းစွာနဲ့ ဖြတ်ထုတ်နိုင်ခဲ့ပြီ ။

ကလေးလေးရဲ့ အောင်မြင်ခန့်ညားတဲ့ ငိုသံဝါကြီးကလည်း ခွဲခန်းတစ်ခုလုံး ဟိန်းလို့ ။
ကလေးက ငိုနေတာ ရပ်တောင်မရပ်တော့ဘူး ။

စိတ်တစ်ဝက်ချမ်းသာသွားတဲ့ ဆရာဝန်ကြီးက တစ်စုံတစ်ရာကို ဗြုန်းခနဲ သတိထားမိသွားတယ် ။

တစ်ခုခုတော့ မှားနေပြီ !

ထိုအချိန်မှာပဲ သူနာပြုတစ်ယောက်ရဲ့ အလန့်တကြားအော်သံက ခွဲခန်းတစ်ခုလုံး ညံစီသွားတော့တယ် ။

"သွေးပေါင်ချိန်တွေကျနေပြီ! .သွေးပေါင်ချိန်တွေထိုးကျနေပြီ !"

လူတိုင်းရဲ့နှလုံးသားတွေက ဒိန်းခနဲပဲ ။

"နှလုံးခုန်စက်...နှလုံးခုန်စက် အသင့်ပြင်..တစ်ဆင့်ချင်း မြှင့်သွား..."

ဆရာဝန်ကြီးက လန့်လွန်းလို့ တုန်တောင်တုန်နေပြီ ။

"သွေးတွေထွက်နေပြီ! "

သတိမေ့မျောနေဆဲယုပေါ်ယွင်က ပိန်းပိတ်အောင်မှောင်တဲ့ အမှောင်ထုထဲကနေ ရုန်းကန်တိုးထွက်နေရင်း နောက်ဆုံးမှာ အလင်းစက်သေးသေးလေးတစ်ခုကို မြင်လိုက်ရတယ် ။ ဆူဆူညံညံ အော်ဟစ်သံတွေကလည်း သူ့ နားထဲမှာ မကြားတစ်ချက် ကြားတစ်ချက် ။

သည်းမခံနိုင်လောက်တဲ့နာကျင်မှုတွေကလည်း သူ့မှာတစ်ခုခုဖြစ်နေပြီဆိုတာ ပြောပြနေတယ် ။

သူ့ရင်ဘတ်ကို တစ်စုံတစ်ခုက ဖိထားသလို လေးလံနေပြီး အသက်ကို အလုအယက်ရှူနေရတယ် ။ သူတစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေပြီး အလွန်အမင်းကို ခက်ခဲစွာ ရုန်းကန်နေရတယ် ။

"မကြောက်နဲ့ ! မကြောက်နဲ့! "
သူနာပြုတစ်ယောက်က သူ့ကို အတင်းနဲ့ဖျောင်းဖျနေတယ် ။
"အဆင်ပြေသွားမှာ...မကြာခင် အဆင်ပြေသွားမှာ...မအိပ်လိုက်နဲ့! ...အိပ်ပျော်မသွားစေနဲ့! ..သတိလေးထားပါဦး "

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now