Chapter 38

22.7K 3.4K 88
                                    

ဒီနေ့မှ အစားအသောက်တွေက ပိုပြီး အရသာရှိနေသလိုပဲ ။ ရီမင် ဖုန်းလေးပွတ်လိုက် အစားလေးစားလိုက်နဲ့ ။

ကြည့်စမ်းပါဦး !

ကောင်းကင်ကြီးကကြည်လင်ပြီး သာယာနေလိုက်တာ !

သူတို့လက်ထောက်တွေသာသီးသန့်ဖွဲ့ထားတဲ့ group chat ထဲမှာတော့ တတောင်တောင်တတင်တင်နဲ့ ဝင်လာလိုက်တဲ့ စာတွေကလည်း မနည်းမနော ။

ထက်မြက်ပြီး တက်ကြွတဲ့ အန်နာမကတော့ group name တောင် ကောက်ချိန်းလိုက်သေးတယ် ။
လက်သွက်ချက်ကတော့ ။

Bao Family Armyဆိုပဲ !

သူမက ရေပေါ်ဆီဆန်တယ် နားလည်ရခက်တယ်ဆိုပေမယ့် လူတစ်ယောက်ကို နွေးနွေးထွေးထွေးဖြစ်အောင် ဘယ်လိုလုပ်ပေးရမယ်ဆိုတာတော့ ကောင်းကောင်းကြီးသိတယ် ။

သူက ဖုန်တွေ သွေးတွေဖုံးလွှမ်းနေတဲ့ စစ်မြေပြင်ကနေ ဆုတ်ခွာရတော့မယ့် စစ်သူကြီးတစ်ယောက်လိုဖြစ်နေချိန်မှာ ရုတ်တရက်ဆိုသလိုပဲ သူလိုအပ်နေတဲ့ ထောင်သောင်းချီတဲ့ စစ်ကူတွေ သူ့ကို ကူဖို့ ​ရောက်လာခဲ့တယ်လို့တောင် ခံစားခဲ့ရတယ် ။
သူတို့ကြောင့်လေ ။

အဲ့ဒီအတွေးနဲ့ထပ်တူ သူ့အပြုံးလေးတွေ တောက်ပလာပြန်တယ် ။ အန်နာပို့လိုက်တဲ့ video file ကို ကြည့်ဖို့ click တစ်ချက်နှိပ်လိုက်လေတယ် ။
Videoက ဂျူလီယမ်နဲ့ ကျီးဟန်ကို ရိုက်ထားတာ ။

သူက စားနေရင်းနဲ့ပဲ သူ့ရဲ့ ချို့ယွင်းချက်(အားနည်းချက်)သုံးခုကို အကျဉ်းချုပ်ပြီး သူ့ကိုယ်သူပြုပြင်ဖို့အတွက် planချထားတဲ့ အချက်ငါးချက်ကို ဂရုတစိုက်နဲ့ ဖတ်ကြည့်လိုက်တယ် ။ သူက ပျော့ညံ့သူမဟုတ်ဘူး ။
သူ့မှာ အခွင့်အရေးရှိလာတဲ့အခါ သူတို့ကို မျက်ရည်ကျအောင်ပြန်ပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ထားတယ် ။ သူ့ဘဝလည်း ဒီထပ်ပိုကောင်းလာလိမ့်မယ်။
သူလိုအပ်နေတာက သူ့ကိုယ်သူ ပြောင်းလဲပြုပြင်လိုက်ဖို့ပဲ ။

ဟုတ်တယ် ဟုတ် ?

Gp chat ထဲက စကားတွေကိုကြည့်ပြီး သူ ပိုပိုပျော်လာခဲ့တယ် ။ ပျော်လွန်းလို့ စားပွဲထိုးလေးကိုခေါ်ပြီး စားစရာတွေတောင် ထပ်မှာလိုက်သေးတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now