Chapter 73

16.3K 3K 212
                                    

ယုပေါ်ယွင်က တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်ရင်း သူ့အကြည့်က လက်ဝဲဘက်အစွန်ဆုံးထိ ရောက်သွားတယ် ။ တိတ်ဆိတ်နေတဲ့လူစီမှာ အကြည့်ခဏတန့်သွားပြီးနောက် ချန်းလင်လင်းရဲ့ ဒေါသတစ်ဝက် သွေးဆုတ်ဖြူဖျော့မှုတစ်ဝက်နဲ့မျက်နှာစီကို ပြန်ပြီး အကြည့်ရွေ့လိုက်တယ် ။

ချန်းလင်လင်းက အံကိုတင်းနေအောင်ကြိတ်ထားရတယ် ။ ကိစ္စတွေကဒီလောက်ထိ ကြီးသွားလိမ့်မယ်လို့ သူ မထင်ခဲ့မိဘူး ။
သူ ကြံရွယ်ထားတာက ဒီလိုတွေဖြစ်သွားဖို့မှ မဟုတ်တာ ။

ယုပေါ်ယွင်ကို delivery လာပို့ခိုင်းမယ် ။ ပြီးရင် ယုပေါ်ယွင် နဲ့ သူတို့ကြားက အဆင့်အတန်းက မိုးနဲ့​မြေလို ကွာဟတယ်ဆိုတာ
ယုပေါ်ယွင်ကို သိစေမယ် ။

ယုပေါ်ယွင်ရဲ့ ချစ်သူကို သူကအချိန်မရွေး ပြန်ယူလို့ရတယ်ဆိုတာ ၊ ဒီလို အဆင့်အတန်းမြင့်တဲ့ နေရာတွေမှာ သူသဘောရှိသလို ထင်တိုင်းကျဲခွင့်ရှိတယ်ဆိုတာ ၊ ချမ်းသာကြွယ်ဝပြီး သြဇာအာဏာကြီးတဲ့ အိမ်တော်ရဲ့သခင်လေးတွေက မီလီယံနဲ့ချီတဲ့ပိုက်ဆံတွေကို
စက္ကန့်ပိုင်းအတွင်း ဘယ်လိုသုံးဖြုန်းနိုင်တယ်ဆိုတာ ယုပေါ်ယွင်ကို ပြချင်ခဲ့တယ် ။ ပြီးတော့ ယုပေါ်ယွင် ရောက်လာတဲ့အခါ အထက်စီးကနေ ပြောဆိုဆက်ဆံပြီး ယုပေါ်ယွင်ကို ကိုယ့်အဆင့်ကိုယ်သိအောင် လုပ်ပစ်ချင်တယ် ။ ထောင်လွှားနေတဲ့ ယုပေါ်ယွင်ရဲ့ မာနတွေကို တစစီရိုက်ချိုးပစ်ချင်တယ် ။

ဒါပေမယ့် သူ မမျှော်လင့်ထားတာတွေပဲ ဖြစ်လာခဲ့တယ် ။
ယုပေါ်ယွင်က မာန်အပြည့်ပဲ ။ သူတို့ကို ပြန်ပြီးတော့တောင် ခြိမ်းခြောက်နိုင်သေးတယ် ။

ယုပေါ်ယွင်က ချန်းလင်လင်းရဲ့ ဒေါသထွက်နေပုံကိုကြည့်ပြီး ပြုံးလိုက်တယ် ။
"ဘာဖြစ်နေတာလဲ...မင်းက ငါ့ကို အရင်တိုက်ခိုက်တာ မဟုတ်ဘူးလား... မင်းဆက်ဆံတဲ့အတိုင်း ငါပြန်ဆက်ဆံတာပဲလေ..ဒေါသထွက်နေစရာလိုလို့လား "

ချန်းလင်လင်းက သွားကြားထဲကထွက်တဲ့လေသံနဲ့ ဖျစ်ညှစ်ပြီး ပြောတယ် ။
"မင်းက အရမ်းတွေ ဂုဏ်ဆာနေတာလား "

ယုပေါ်ယွင်က ခပ်ပြုံးပြုံးပဲ ။
"ဆာတာပေါ့ အာ...မဟုတ်သေးဘူး...အရမ်းအရမ်းကို ဂုဏ်ဆာမိသောပါပဲ "

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now