Chapter 94 + 95

16.4K 2.6K 117
                                    

ကုဖုန်းနဲ့ မန့်လုံက အပြင်ကို ထွက်လာခဲ့ကြတယ် ။ နောက်ဆံတင်းနေတဲ့ မန့်လုံက အခန်းထဲကို သံယောဇဥ်မပြတ်ဘူး ။ သူ ပြန်လှည့်ကြည့်ချိန်မှာ ပိုင်ရှီရှန်းက သူ့စကားနားထောင်ပြီး ငြိမ်ငြိမ်လေးထိုင်စားနေတာမြင်မှပဲ သူ့စိတ်ကိုလျော့ကာ တံခါးကို ညင်သာစွာ ပိတ်လိုက်လေတယ် ။

ကုဖုန်းက နံရံကို ကျောမှီပြီး မျက်လုံးတင်းတင်းပိတ်ထားလေရဲ့ ။
ယုပေါ်ယွင်အကြောင်းပဲ တွေးချင်နေမိတဲ့သူ့စိတ်ကို အတင်းဖိနှိပ်ထားရင်း မန့်လုံကို စောင့်နေလိုက်တယ် ။
"မန့်လုံ ခင်ဗျားကိစ္စတွေကို ဘာလို့ ဒေါက်တာရှန်းရှေ့မှာ မပြောရတာလဲ "

မန့်လုံက သူ့အိတ်ကပ်ထဲက စီးကရက်ဘူးကို ထုတ်ပြီး သောက်မလို့ ။ ဒါပေမယ့် သူရောက်နေတာက ဆေးရုံပရဝဏ်ထဲမှာ ။ ဒါကြောင့် စိတ်ပျက်လက်ပျက်နဲ့ အိတ်ကပ်ထဲ ပြန်ထည့်ရလေတယ် ။

သူတို့နှစ်ယောက်သား ဘာစကားမှ ထပ်မဆိုဖြစ်ဘဲ ခုံရှည်တစ်လုံးမှာ ဝင်ထိုင်လိုက်ကြတယ် ။

ပိုင်ရှီရှန်းရှေ့မှာ တက်ကြွဖြတ်လတ်နေတဲ့ မန့်လုံက ခုတော့ မှိုင်တွေငေးမောလို့ ။

"ခင်ဗျားမှာ ပြဿနာတစ်ခုခုရှိနေလား "

မန့်လုံ ခေါင်းမညိတ်ချင်ပေမယ့် ညိတ်ပြလိုက်တယ် ။ သူ့ ကြည့်ရတာ ကူကယ်ရာမဲ့နေပုံပဲ ။

"ရှိနေတယ်..အဲ့ဒါကြောင့်
ကျွန်တော့်ကို ကူညီပါ ...Please! "

"ပြောလေ "

မန့်လုံ သက်ပြင်းမောကြီး ချလေတယ် ။

"ကျွန်တော် ဒီရက်ပိုင်းတွေမှာ ပိုင်ရှီရှန်းဆီကို လာလို့မရဘူး... အစားအသောက်တွေယူလာပြီး အစားဝင်အောင်စားဖို့မပြောနိုင်တော့ဘူး.. လူကိုယ်တိုင်မလာနိုင်ပေမယ့် သူ ကြိုက်တတ်တာလေးတွေ ပို့ပေးနိုင်လားဆိုတော့လည်း ပို့ပေးလို့ မရပြန်ဘူး..နောက်ဆိုရင် သူနဲ့ ဒီလိုတွေနေလို့ မရတော့ဘူးဗျာ "

ကုဖုန်း နည်းနည်းတော့အံ့သြသွားတယ် ။

မန့်လုံ နဲ့ ပိုင်ရှီရှန်းက ကြားလေသွေးရင်တောင် ဝေးတယ်ထင်ကြတဲ့ သူတွေ ။
မန့်လုံဆိုတာကလည်း ပိုင်ရှီရှန်းကို သိပ်ချစ်တာလေ ။ သူ ဘယ်သွားသွား သူ့ဇနီးလေးကို အိတ်ထဲထည့်ပြီး ခေါ်သွားချင်တဲ့လူမျိုး ။ ပိုင်ရှီရှန်းကို ချစ်မိတာကြောင့် ပတ်ဝန်းကျင်က ဂေးဆိုပြီး လှောင်ပြောင်ကဲ့ရဲ့ကြတာတောင် သူ မမှုခဲ့ဘူး ။ မန့်လုံက သစ္စာတရားကြီးမားပြီး ခင်ပွန်းကောင်းပီသတဲ့ လူမဟုတ်လား ။

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now