Chapter 29

23.4K 2.9K 89
                                    

"သူမ ပြောတာကတော့ ရှင့်ဖုန်းနံပါတ်ကို ခေါ်မရလို့ ကုမ္ပဏီဖုန်းကို ခေါ်လိုက်တာတဲ့"

"ကျွန်တော် သိပါပြီ"

ရီမင့်ရဲ့ အမူအယာတွေက ထူးဆန်းနေတာကြောင့်
အန်နာ လည်ပင်းကျိုးမတတ် စောင်းငဲ့ကြည့်လိုက်တယ်။
"ရှင့် အန်တီကြည့်ရတာ လိမ္မာပါးနပ်တဲ့ပုံပါပဲ..
ဘာများဖြစ်ထားကြလို့လဲ?"

ရီမင် လက်တခါခါနဲ့ ပြုံးပြလိုက်ရတယ်။
"ရပါတယ်..ကျွန်တော့်ကိစ္စ ကျွန်တော်ပဲ ရှင်းပါ့မယ်"

ရီမင် ထိုင်မနေနိုင်တော့။
လေသာဆောင်ငယ်လေးရှိရာကို လျှောက်သွားလေတယ်။
မျှော်လင့်ထားသလိုပါပဲ သူ့ရဲ့ဖုန်းမျက်နှာပြင်မှာတော့ miss call တွေ ရဲနေတာပဲ။
နောက်ထပ်ဖုန်းကောလ်တွေထပ်မဝင်လာခင် ဖုန်းကို silent လုပ်ထားလိုက်တယ်။

ရီမင် ဖုန်းကို တွေတွေလေး ကြည့်နေပြီး ချီတုန်ချတုန်နဲ့။
ခဏကြာတော့ စိတ်ပိုင်းဖြတ်ပြီးပုံနဲ့ ပြန်ခေါ်လိုက်တယ်။

တစ်ဖက်ကလည်း ဘယ်အချိန်ထဲက စောင့်နေတယ်မသိ။
ချက်ချင်းကို ဖုန်းတန်းကိုင်တယ်။
ရီမင်တောင် တစ်ခွန်းမဟရသေးဘူး။
သူမက စ အော်တော့တာပဲ။

"ငါ့ဖုန်းတောင် မကိုင်နိုင်ရအောင် နင်က ဘာဖြစ်နေတာလဲ ရီမင်?
ဘာလဲ အဲ့ဒီမှာ နင့်ဘဝကောင်းစားနေပြီဆိုတော့ ငါတို့နဲ့ ဆွေခန်းမျိုးခန်းဖြတ်တော့မလို့လား?"

ရီမင့်မျက်နှာက မည်းမှောင်သွားတယ်။
အောက်ဘက်ကားလမ်းမက အဆုံးမရှိရှည်လျားတဲ့ ကားတန်းကြီးကို ကြည့်ပြီး
"ဘာကိစ္စရှိလို့လဲ အန်တီ?"

"ငါတို့ကို ဒီလ ပိုက်ဆံပို့ပေးမှာလား?"

"မပို့ဘူး"

သူ့အဒေါ်က လှောင်လိုက်တယ်။
"အခု နင့်အဖေက ဆေးရုံပေါ်မှာနော်..
နင် ပိုက်ဆံမပေးရင် သူသေမှာ..သူ သေမှာကို နင်ကြည့်နေနိုင်လို့လား?..တကယ်တော့ နင့်အဘွားနဲ့ နင့်ဝမ်းကွဲညီလေးက ပိုက်ဆံနည်းနည်းလိုနေတယ်..
နင် ကူညီဖို့ အစီအစဉ်မရှိဘူးလား?"

ရီမင် ဖုန်းကို တင်းနေအောင် ဆုပ်ကိုင်မိတယ်။
"ကျွန်တော့အဖေ နေမကောင်းဖြစ်တယ်လို့ အန်တီပြောတည်းက ကျွန်တော် ပိုက်ဆံတွေ အများကြီးပို့လိုက်တယ်လေ..ကျွန်တော်ငယ်ငယ်က အဖေမူးရူးပြီး ညှင်းပန်းနှိပ်စက်သမျှ ခံခဲ့ရတယ်..
ကျွန်တော့်အမေရာ ကျွန်တော့်ကိုပါ တိရိစ္ဆာန်တွေလို
အဖေပြုမူခဲ့တယ်..လူတွေလို့တောင် သတ်မှတ်ခဲ့တာ မဟုတ်ဘူး..ဒါပေမယ့် ကျွန်တော့်အဖေဖြစ်နေတာကြောင့် သူ နေမကောင်းဘူးကြားတာနဲ့ ကျွန်တော် အကောင်းဆုံး
ကြိုးစားခဲ့တယ်..ပိုက်ဆံလဲ လိုတာထက်တောင်ပိုအောင် ပို့ပေးခဲ့ပြီးပြီလေ..
ကျွန်တော့်ဆီက ဘာတွေများ ထပ်လိုချင်နေသေးတာလဲ?"

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now