Chapter 9

25.8K 3.3K 267
                                    

ရီမင် နှာခေါင်းရှုံ့ပြီး မီးဖိုချောင်ဘက် လှည့်ကြည့်လိုက်ရင်း မျက်မှောင်ကြုပ်လိုက်တယ်။

အဲ့ဒီအမူအယာကို ကျီးဟန် သတိထားမိပြီး မေးလိုက်တယ်။
"ဘာဖြစ်လို့လဲ"

"ဟက်..ဘာဖြစ်ရမှာလဲ ...ခင်ဗျား မမြင်ဘူးလား..
သူလုပ်ထားတာ မီးဖိုချောင်တစ်ခုလုံး ရစရာတောင်မရှိတော့ဘူး..မသိတဲ့သူတွေဆိုရင် သူ ချက်ပြုတ်နေတယ်လို့မထင်ဘဲ အနုမြူဗုံးချခံထားရတဲ့ စစ်မြေပြင်လို့ ထင်ကြမှာ..ဟဟ"

ရီမင် ဘာမှဆက်မပြောတော့ဘဲ စားပွဲတစ်ဖက်ခြမ်းမှာ ဝင်ထိုင်ရင်း ဖုန်းထုတ်ကာ သတင်းပုလင်းစုံကို ရှုစားနေလေတော့တယ်။

ကျီးဟန်ကတော့ သူ့စကားကြောင့် မီးဖိုချောင်ကို အပြေးအလွှား သွားကြည့်တယ်။
ဘယ်လောက်မှမကြာပါဘူး။
တစ်ခုခုကို မီးလောင်နေတဲ့ ညှော်နံ့နဲ့ မီးခိုးတွေက မီးဖိုချောင်ပြင်ပထိ ထွက်လာလေတယ်။

အန်ကယ်လီက ကြောက်လန့်တကြားနဲ့ အိမ်သုံးမီးသတ်ဆေးဘူးနှစ်ဘူးကိုင်ပြီး ပြေးချလာတယ်။

ရီမင်တစ်ယောက် သူတို့ရဲ့ ရုတ်ရုတ်သဲသဲ ပရမ်းပတာရှိုးပွဲကို ပခုံးတွန့်ရင်း အေးအေးဆေးဆေးထိုင်ကြည့်နေလေရဲ့။

နောက်ဆုံးတော့ ဂျူလီယမ်က အန်ကယ်လီရဲ့ အကူအညီနဲ့ မီးဖိုချောင်က ပစ္စည်းတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ယူနိုင်ခဲ့တယ်။
နာရီအနည်းငယ် ကြိုးစားပမ်းစားချက်ပြုတ်ပြီးတဲ့နောက်
ရိုးရှင်းလွယ်ကူတဲ့ညစာကို ဂျူလီယမ် ဖန်တီးနိုင်ခဲ့တယ်။

ကြည့်စမ်းပါဦး! ......
မီးကျွမ်းနေတဲ့ ခရမ်းချဉ်သီးနဲ့ ကြက်ဥမွှေကြော် !....
ကြက်သွန်ဖြူနဲ့ ပုစွန်တုပ်! .....
အာ့! ပုစွန်ကြီးက တလှုပ်လှုပ်နဲ့ အသက်ရှင်နေသေးတယ်!

အားရိုး! သောက်ရမ်းတွေ လေးစားနေပါပြီနော်...

ရီမင် အန်ထွက်​တော့မယ်လို့ ခံစားနေရတယ်။
နေ့လည်က ကျီးဟန်အတွက် သူချက်ပေးခဲ့တာတောင် ဒီလောက်မဆိုးဘူး။

ခုတော့ ဂျူလီယမ်ရဲ့ ညစာက...........
လူသတ်မှုတစ်ခုကို ဆိုးဆိုးရွားရွား ပုံဖော်ထားသလိုပဲ!

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now