Chapter 34

22.8K 3.3K 76
                                    

နောက်နေ့မနက်ခင်း......

ရီမင် မနက်စောစောထကာ အလုပ်ကို သွားလေတယ် ။
ကျီးဟန်ကားကိုတော့ ယောင်လို့တောင်မစီးဘူး ။
အကင်းရှင်းဆုံးဖြစ်ဖို့ရန်အတွက် ဘယ်လိုဆက်နွယ်မှုတစ်ခုမှကို မလုပ်ချင်တော့တာ ။
အတတ်နိုင်ဆုံး ကင်းနိုင်သမျှ ကင်းအောင်နေရမယ် ။

သူ့ရဲ့ briefcase(စာရွက်စာတမ်းထည့်တဲ့ သားရေအိတ်ပြားပြားလေး)ကို လက်ကဆွဲပြီး ရုံးခန်းရှိရာ အပေါ်ထပ်ကို တက်လာခဲ့တယ် ။ ရုံးခန်းတံခါးကို တွန်းဖွင့်ဖွင့်ချင်းမှာပဲ သူ ကြက်သေသေသွားရတယ် ။

သူ့ထိုင်ခုံမှာ တစ်စုံတစ်ယောက်က အခန့်သား ထိုင်နေလေရဲ့ ။

မလွဲပါဘူး !

ဂျူလီယမ်ပဲပေါ့ !

သူ ဂျူလီယမ့်ကို တစ်ချက်ကြည့်ပြီး မေးလိုက်တယ် ။
"မင်း training ဆင်းတာ ပြီးသွားပြီပေါ့?"

ဂျူလီယမ်က တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘူး ။
ထိုင်ခုံနောက်ကျောကို သက်တောင့်သက်သာပစ်မှီပြီး ပြောလေတယ် ။
"သေချာတာပေါ့...ခင်ဗျားနဲ့ အခြားလက်ထောက်တွေ ကျွန်တော့်ကို သင်ကြားပေးကြပါဦး "

"ကျိန်းသေသင်ပေးရမှာပေါ့ ! "

ရီမင် ရေနွေးပူတစ်ခွက်ထည့်ပြီး ဂျူလီယမ်ဆီ လျှောက်သွားလိုက်တယ်။
"ဒါပေမယ့် ငါ့ခုံကနေ အရင်ထလိုက်ပါဦး"

ဂျူလီယမ်က တုပ်တုပ်မလှုပ်ပေမယ့် သူ့မျက်လုံးတွေကတော့ တောက်ပနေတာပဲ ။
"ဒါဆို ကျွန်တော် ဘယ်မှာထိုင်သင့်လဲ?"

လက်ထောက်ရုံးခန်းထဲမှာက သူ့နေရာနဲ့သူ ပြည့်နေပြီးသား ။ ခုံအပိုတစ်လုံးတောင်မရှိဘူး ။ အတိအကျ​ပြောရရင်တော့ ဒီအဖွဲ့ထဲမှာ ဂျူလီယမ်အတွက် အလုပ်စားပွဲဆိုတာမျိုး မရှိဘူး ။

ရီမင် မျက်ခုံးပင့်ကာ သူ့ပစ္စည်းတွေကို စားပွဲပေါ်ချလိုက်တယ် ။
"စီအီးအို ဟန်ကြီးက မင်းအတွက် စီစဉ်မပေးဘူးလား? သူ့ကို မေးကြည့်လေ "

ဂျူလီယမ်လေး နည်းနည်း ဟက်ထိသွားပုံပဲ !

" ငါ့ရှေ့မှာ အလိုလိုက်ခံထားရလို့ ပျက်ဆီး​နေတဲ့ ကလေးဆိုးတစ်ယောက်လို သရုပ်ဆောင်မနေနဲ့ ! "
ရီမင်က မျက်လုံးလှန်ကြည့်ရင်း ဆက်ပြောလေတယ် ။
"ဒီကိစ္စကို ငါမသိဘူး..တကယ်လို့ တစ်ခုခုမှားနေတယ်ထင်ရင်လည်း ခြေလှမ်းသုံး လေးလှမ်း လှမ်းလိုက်ရုံပဲ..အဲ့ဒီမှာ ဒါရိုက်တာရုံးခန်းရှိတယ်..အထဲမှာ စီအီးအိုဟန်လည်း ငုတ်တုတ်ကြီးထိုင်နေတယ်..သိချင်သပဆို သူ့ကို သွားမေးနိုင်တယ်..ခုတော့ ငါ့ခုံက ထ ! "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now