Chapter 105

13.5K 2.2K 90
                                    

သူတို့ သုံးယောက် ဆေးရုံကိုရောက်တော့ မန့်လုံက သွေးတွေနဲ့ ခွဲစိတ်ခန်းထဲမှာ ။ သတိလုံးလုံးမရှိတော့ဘူး ။

ပိုင်ရှီရှန်းက တကိုယ်လုံးတုန်နေပြီး မျက်နှာလေးက သွေးမရှိ​တော့သလို ဖွေးဆုတ်လို့ ။
သူက ကုဖုန်းအင်္ကျီကို ဆောင့်ဆွဲပြီးမေးတယ် ။

"မန့်လုံက လုပ်ငန်းကိစ္စနဲ့ ပြည်ပထွက်သွားတယ်ဆို....
သူက ဘာလို့ ဒီမှာပဲ ရှိနေရတာလဲ...
ခင်ဗျားတို့နှစ်ယောက်............
ကျွန်တော့်ကို ဘာလို့ ဖုန်းကွယ်ထားတာလဲ "

ကုဖုန်း သက်ပြင်းချပြီး သူ့လက်ထောက်တွေအကူအညီနဲ့ ပိုင်ရှီရှန်းကို နားနေဆောင်ရှိရာကိုခေါ်လာခဲ့တယ် ။

"ပြောပြ ! "
ပိုင်ရှီရှန်း အော်​မေးပစ်လိုက်တယ် ။
"ဘာလို့ မန့်လုံက ကုမ္ပဏီမှာပဲ ရှိနေရတာလဲ..
ဘာလို့ ခွဲစိတ်ခန်းထဲ ရောက်နေရတာလဲ...
ဘာတွေဖြစ်ခဲ့တာလဲ "

"မစိုးရိမ်ပါနဲ့ "
ကုဖုန်းက ပိုင်ရှီရှန်းပခုံးကို ပုတ်လိုက်တယ် ။
"ဒီလိုပဲ အကြောင်းလေးတွေနည်းနည်းရှိနေလို့ပါ "

"ဘာအကြောင်းပဲဖြစ်ဖြစ် ကျွန်တော် သိရမှဖြစ်မယ်..ပြောပြ...ပြောပြလို့...အခုပြော! "

ကုဖုန်းက တွန့်ဆုတ်နေခဲ့ပေမယ့် နောက်ဆုံးတော့ ပြောပြလိုက်တယ် ။
"မန့်လုံက အားလုံးကို ကျော်တက်ပြီး ကုမ္ပဏီရှယ်ယာတွေရော ဒါရိုက်တာအဖွဲ့ဝင်တွေကိုရော သူ့ဘက်ပါအောင် လုပ်နိုင်ခဲ့တယ် ..
ရှင်းရှင်းပြောရရင် စီအီးအိုနေရာကို တက်လှမ်းနိုင်ခဲ့တယ် ..ဒါပေမယ့်
မန့်မိသားစုဝင်ထဲက တစ်ယောက်ယောက်က သူ့ကို ဖြုတ်ချပစ်ဖို့ ဆင်ကြံကြံနေတယ်..ပြီးတော့ ခင်ဗျားတို့နှစ်ယောက်ကြားကကိစ္စကလည်း မန့်မိသားစုကြောင့်ပဲ "

ပိုင်ရှီရှန်း ခြေထောက်တွေတုန်ပြီး မတ်မတ်တောင်မရပ်နိုင်တော့ဘူး ။ ပြိုယိုင်လဲလုလုအခြေကို ဆိုက်နေပြီ ။

"မန့်လုံက ပြဿနာတွေအားလုံး ရှင်းပြီးပြီ..ဒါပေမယ့် မန့်ချွန်တစ်ယောက်လွတ်ထွက်သွားတယ် "
ကုဖုန်းမျက်လုံးတွေ နက်ရှိုင်းသွားတယ် ။ သူ သတိလက်လွတ်နဲ့ လက်သီးတောင် ဆုပ်လို့ ။
"မန့်ချွန်က မသိသင့်တာတွေပါ သိသွားခဲ့တာ..ပြီးတော့ သူက ဝရမ်းပြေးဖြစ်နေတာဆိုတော့ ပိုက်ဆံအရမ်းလိုနေတယ်..လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က မန့်လုံဆီကို
ခြိမ်းခြောက်တဲ့ message
တွေ ပို့လာခဲ့တယ်...သူက ခင်ဗျားကို မထိခိုက်စေချင်ဘူး...အဲ့ဒါကြောင့်သူ စိတ်ဆုံးဖြတ်ပြီး ဒီလိုတွေလုပ်ခဲ့တာ..သူ့ပြဿနာတွေကို သူကိုယ်တိုင်ဖြေရှင်းပြီး မန့်ချွန်နဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားတယ်..ဒီအကြောင်းတွေကို ခင်ဗျားရောက်လာပြီး ခင်ဗျားလုံခြုံပြီဆိုတဲ့အချိန်ကျရင် ကျွန်တော်ပြောပြမယ်လို့ ရည်ရွယ်ထားတာပါ..ဒါပေမယ့်............"

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now