Chapter 43

22.3K 3.4K 152
                                    

ဟက် !

သူက ဘာလို့လက်ခံပေးရမှာလဲ ?

ရီမင် သူ့ဦးလေးကို ကြောက်ရွံ့ခြင်းမရှိဘဲ ခပ်တည်တည်နဲ့ စိုက်ကြည့်လိုက်တယ် ။

သူတို့တွေကို သူ တကယ်ကြီး သည်းခံထားရတာ !

ဒီလောက်ဆို လုံလောက်နေပြီလေ !

တော်သင့်ပြီပေါ့ !

သူ ထပြီး မတ်မတ်ရပ်လိုက်တယ် ။
"လိုက်နာရမယ်?  စည်းကမ်း? ...
ဦးလေးရယ် လူကြားကောင်းအောင် စည်းမျဉ်းတွေ ဓလေ့ထုံးထမ်းတွေဆိုပြီး အော်မနေပါနဲ့ဗျာ...
အာမခံကြေးလိုချင်တာနဲ့ပဲ ဒီအကြောင်းတွေနဲ့ချုပ်ကိုင်ပြီး အတင်းကို လုယူချင်နေတာ ကျွန်တော် မသိဘူးထင်နေလား? ...
အိပ်မက်သာဆက်မက်နေလိုက် ! "

သူ့ဦးလေးရဲ့မျက်လုံးတွေထဲမှာ မကောင်းတဲ့အရိပ်တွေ ပိုပိုပြီး ပြည့်နှက်လာတယ် ။
ခုချက်ချင်းပဲ သူ့ကို တစ်ခုခု ထလုပ်တော့မလိုမျိုး ။

"ဒီအသက်အာမခံကြေးက ဦးလေးနဲ့ရော အန်တီနဲ့ရော ဘာမှမဆိုင်ဘူးလေ.. ဒါကြောင့် ကျွန်တော်ကတော့ တစ်ယွမ်တောင် လွှဲပေးဖို့ စိတ်ကူးမရှိဘူး "
ရီမင် လှောင်ပြောင်ပြီး ဆက်ပြောလေတယ် ။
"ဒီ ပိုက်ဆံတွေအပေါ်မှာ ကျွန်တော် လောဘမရှိဘူး..
ကျွန်တော့်လက်ထဲရောက်လာတာနဲ့ ပရိဟိတလုပ်ငန်းတွေစီမှာ လှူဒါန်းမှာ...
ခင်ဗျားတို့ဘဝကို ပျော်ရွှင်စေမှာထက် တောင်ပေါ်ဒေသတွေကိုပဲ ပေးပစ်လိုက်မယ်"

"ကောင်းပြီလေ "
သူ့ဦးလေးက ရုတ်တရက် အေးစက်စက်ကြီးပြုံးလေတယ် ။
"ဒါ မင်း တောင်းဆိုတာနော် "

"ကျွန်တော့်အဖေကိုလည်း မြင်ပြီးသွားပြီ..ညစာလည်း ဆက်စားချင်စိတ်မရှိ​တော့ဘူး... အခုပဲ ကျွန်တော် သွားတော့မယ် "
ပြောပြီးပြီးချင်းပဲ ရီမင် ကုတ်ကိုကောက်ယူကာ ထွက်သွားရန် တံခါးပေါက်ရှိရာလှမ်းလာခဲ့တယ် ။ တံခါးလက်ကိုင်ကို ကိုင်လိုက်ချိန်မှာပဲ အားနဲ့ဖမ်းချုပ်ခြင်းကို ခံလိုက်ရလေတယ် ။

သူ ထိတ်လန့်သွားပြီး သဘာဝအရ တုန့်ပြန်မိလိုက်တယ် ။ ဟုတ်တယ် သူ့ကို ဖမ်းချုပ်ထားတဲ့သူကို ကန်ပစ်လိုက်တာ ။
အဲ့လူက သူ့အမျိုးတော့အမျိုးပဲ ။ ဒါပေမယ့် သွေးဝေးတယ် ထိုသူရဲ့နာမည်လဲ သူမသိဘူး ။
နာသွားတာကြောင့် အဲ့ဒီလူလည်း လန့်သွားပုံရတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now