Chapter 93

15.3K 2.6K 225
                                    

"ကျွန်တော်..........."
ကုဖုန်း လက်မခံချင်ဘူး ။ ပိုင်ရှီရှန်းပြောတာကို ငြင်းပစ်လိုက်ချင်တယ် ။ ဒါပေမယ့် ဒေါက်တာပြောတာလည်း မှားမှ မမှားတာ ။
သူ စိတ်လျော့ပြီး ထိုင်ခုံကို ကျောမှီကာ  သူ့ရဲ့နာကျင်မှုတွေ သက်သာလိုသက်သာငြား
သူဆောင်နေကျ ဘုံကျောင်းငယ်လေးကို ပွတ်သပ်နေမိတယ် ။
"ကျွန်တော် ဝန်ခံပါတယ်...ကျွန်တော် အမှားတွေ လုပ်ခဲ့တယ် "

"အခုရော အမှားတွေ ထပ်လုပ်ဦးမှာလား "

ပိုင်ရှီရှန်းက စာရွက်ကို ကုဖုန်းရှေ့ တွန်းပို့လိုက်တယ် ။
"ပြီးခဲ့တဲ့ နှစ်တွေတုန်းက သူ ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေအားလုံးနီးပါးက ခင်ဗျားကြောင့်ချည်းပဲ ...ဒါပေမယ့် အဲ့ဒါကို ခင်ဗျားမသိဘူး....ဂရုလည်းမစိုက်ခဲ့ဘူး...Relationship တစ်ခုဆိုတာ နှစ်ယောက်ပေါင်းပြီး တည်ဆောက်ရတာလေ...ဒါပေမယ့် ခင်ဗျားတို့ရဲ့ Relationship မှာ ယုပေါ်ယွင်ကသာ အရာရာ ပေးဆပ်ခဲ့ရတယ်..ဒါပေမယ့် သူ ဘာပြန်ရခဲ့လဲ..အဆုံးသတ်မှာ ခင်ဗျားက သူ့ကို စွန့်ပစ်ခဲ့တယ်မဟုတ်လား..ခင်ဗျားနဲ့ လမ်းခွဲပြီး သူ ထွက်လာတဲ့အချိန်က စိတ်ဒဏ်ရာတွေအပြည့်နဲ့ ...အထီးကျန်ရှုံးနိမ့်မှုတွေ ရင်မှာပိုက်ထားရတာ...သူ ဘယ်လောက်တောင် ကူကယ်ရာမဲ့နေခဲ့လဲ ခင်ဗျားမသိဘူး..သိလည်း ခင်ဗျား ဂရုမစိုက်ပါဘူး..."

ကုဖုန်း ဖိုင်တွဲပေါ်က နာမည်လေးကို ကြည့်မိပြန်တယ် ။ သူ့ ရင်တွေလည်း အဆမတန်နာနေရပါပြီ ။

"သူ ခင်ဗျားကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားတော့ ခင်ဗျား စိတ်ထဲ အဆင်ပြေမနေဘူး... ဟုတ်တယ်နော်..ဒါပေမယ့် သူ ပြင်ပေးနေကျ နေ့လည်စာကို သူ မပြင်ပေးတော့လို့...သူ စည်းပေးနေကျ နက်ခ်တိုင်ကို သူ မစည်းပေးတော့လို့ အဆင်မပြေဖြစ်ရတာလို့ ထင်နေတာ မဟုတ်လား "
ပိုင်ရှီရှန်းရဲ့အသံက အနည်းငယ် တိုးတိမ်သွားတယ် ။ ဒါက လူတစ်ယောက်ကို သူ့စိတ်သူ ပြန်မြင်လာအောင် မေးခွန်းတွေ မေးတော့မယ်ဆိုတဲ့ သဘောပဲ ။

"ကဲ..ကျွန်တော် ခင်ဗျားကို မေးမယ်...ခင်ဗျား သေသေချာချာစဉ်းစားပြီး ဖြေဖို့တော့ လိုလိမ့်မယ်...ခင်ဗျားနဲ့ ယုပေါ်ယွင် အတူနေကြပြီဆိုပါတော့...အရင်လိုပဲ အိပ်ရာတစ်ခုတည်းမှာ အတူတူ ပြန်အိပ်ကြပြီဗျာ..ဒါပေမယ့် ဒီတစ်ခါတော့ အိမ်မှုကိစ္စတွေကို ခင်ဗျားကပဲ လုပ်ပေးရမယ်ဗျာ...ချက်ပြုတ်တော့လည်း ခင်ဗျား.. တံမြက်စည်းလှည်း အိမ်သန့်ရှင်းရေးလည်း ခင်ဗျား...နက်ခ်တိုင်ချည်လည်း ခင်ဗျား..အိုးခွက်ပန်းကန်ဆေးလည်း ခင်ဗျား........တစ်အိမ်လုံးအလုပ် ခင်ဗျားလုပ်ရမယ်ဆိုပါတော့...အဲ့ဒါဆိုရင်ရော ခင်ဗျား စိတ်မသက်မသာဖြစ်နေသေးလားဆိုတာ
သေချာစဉ်းစားကြည့်ပါ..."

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now