Chapter 118

14K 2.5K 166
                                    

"မစ္စတာယု..ဒီပေါ်မှာ တစ်စောင်းလေး
လှဲလိုက်..ပြီးတော့ ဒူး နဲ့ ရင်ဘတ်ကို ကပ်ပြီး ကွေးနိုင်သလောက်ကွေးထားနော်..မကြောက်နဲ့နော်..ခဏလေးပဲနာမှာ.."

ထုံဆေးပါရဂူက စိတ်ရှည်လက်ရှည်အသံနဲ့
ညင်ညင်သာသာလေး ပြောလိုက်တယ် ။

ပါရဂူက မကြောက်နဲ့ပြောပေမယ့် ယုပေါ်ယွင်မျက်နှာက သွေးဆုတ်နေပြီ ။ ဖြူလျော်နေတဲ့ မျက်နှာလေးနဲ့ ခွဲစိတ်ကုတင်ပေါ်မှာ ပုစွန်တုပ်လေးလို ကွေးကွေးလေး ။ ဗိုက်ခံနေတာကြောင့် ထင်သလောက်တော့မလွယ်ဘူး ။ ပါရဂူရဲ့ အကူအညီနဲ့ ရနိုင်သလောက်တော့ကွေးလိုက်တာပဲ ။

"ဟုတ်ပြီ..ဒူးကို ရင်ဘတ်မှာကပ်ပြီး လက်နဲ့ပိုက်ထား..အင်း ဟုတ်ပြီ..ခေါင်းကိုငုံ့လိုက်..နဖူး နဲ့ ဒူး နဲ့ထိနေရင် ပိုကောင်းတယ်...ဟုတ်ပြီ ဟုတ်ပြီ..အနေအထားမှန်တယ်..ဆေးထိုးတော့မယ်နော်..လုံးဝ မလှုပ်လိုက်နဲ့..နေရာလွဲသွားရင် နောက်တစ်ခါပြန်ထိုးရမှာနော်...အဲ့ဒါကြောင့် နည်းနည်းလေးတောင် မတွန့်လိုက်နဲ့...အင်း ဟုတ်ပြီ.."

ထုံဆေးပါရဂူရဲ့မျက်လုံးတွေက တည်တည်ငြိမ်ငြိမ်ပဲ ။ အတွေ့အကြုံရင့်ကျက်နေပြီဆိုတာ ထင်ရှားတယ် ။ သူက လူနာကြောက်မှာစိုးလို့ စကားလေးလည်း တပြော
ပြောနဲ့ လူနာကို အာရုံလွှဲနေတယ် ။

"ကလေးလေးမွေးလာရင် ဘယ်လိုနာမည်ပေးမှာလဲ...မစ္စတာ ယုနဲ့ တူရင် ကလေးလေးက တော်တော်ချောမှာ......"
ပါရဂူက စကားပြောရင်း လက်ကလည်း လုပ်စရာရှိတာကို တိတိကျကျ လုပ်နေပြီ ။ ဆေးထိုးအပ်အကြီးထဲကို ထုံဆေးတွေ စုပ်ထည့်ပြီး ယုပေါ်ယွင်ရဲ့ ကျောရိုးဘေးကို ဆတ်ခနဲ ထိုးလိုက်တယ် ။

(အဲ့ဒီနားကိုထိုးတာ စွရမ်းနာပါတယ်...မနာဘူးဆိုတာ ညာပြောတာပါ 😢..ကိုယ်ဆို လေးကြိမ်တိတိ အထိုးခံထားရတာ....ဘေးစောင်းလှဲပြီး ကွေးနိုင်သမျှကွေးထားရတဲ့ နောက်ပိုင်းတစ်ခြမ်းလုံးက လုံးဝဗလာ..ဗိုက်က နာ ၊ ရှက်က ရှက် ၊ ဆေးထိုးတော့လည်း အသေနာ နဲ့ ခံစားချက်ကြီးက လုံးဝကို မသက်မသာပါ..)

"မကြောက်နဲ့နော် "
ပိုင်ရှီရှန်းက လက်အိတ်စွပ်ရင်း ခွဲစိတ်မီးအုပ်ဆောင်းအောက်က ဖြူဖျော့နေတဲ့ ယုပေါ်ယွင်မျက်နှာလေးကို ငုံ့ကြည့်ရင်း အားပေးလိုက်တယ် ။
"ငါတို့ရှိတယ်..ဟိုနားမှာ ငါတို့ရှိနေမယ်နော် "

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now