Chapter 121

42.8K 3.4K 663
                                    

"So cute! "

ဖန်ပေါင်းချောင်ထဲ အိပ်ပျော်နေတဲ့ ဘေဘီယုပေါ်ယွင်လေးကိုကြည့်ပြီး အန်နာ့မှာ အသည်းတယားယား ။ သူမမျက်လုံးထဲမှာ ချစ်ခြင်းတရားတွေ ယ်ိုဖိတ်လို့ ။

ဘေဘီလေးက အိပ်မောကျနေတုန်း ။ သူ့ကိုယ်လေးမှာလည်း data တိုင်းတာတဲ့ ကိရိယာတွေက အပြည့် ။ အသက်ရှူရှိုက်လိုက်တိုင်း နှာခေါင်းသေးသေးလေးနဲ့ ရင်ဘတ်သေး​သေးလေးက မသိမသာလေး လှုပ်လှုပ်သွားတယ် ။ တစ်စွန်းတစ်စပေါ်နေတဲ့ ခြေဖဝါးရဲရဲလေး နဲ့ ခြေချောင်းရှည်ရှည်လေးတွေက မြင်သူတကာကို ဆွဲညှစ်ချင်စိတ်ပေါက်အောင် ချစ်ဖို့ကောင်းလွန်းတယ် ။

အန်နာက ဖုန်းကိုထုတ်ပြီး ဓာတ်ပုံတွေရိုက်တော့တယ် ။ မမေ့မလျော့ video လည်း ရအောင်ရိုက်လိုက်သေးတာပေါ့ ။ ပြီးတော့ မှန်ချပ်နားက မခွာ့ချင်ခွာချင်နဲ့ ခွာလိုက်ရတယ် ။ သူမ လုပ်ရမှာတွေရှိသေးတယ် မဟုတ်လား ။
"အသည်းတုန် အူတုန်လေးရေ... ခဏနေမှ တွေ့မယ်နော်..ခု​တော့ မမပြန်ရဦးမယ်..ဘိုင့်ဘိုင်နော် သေးသေးလေး "

ထို့နောက် အန်နာက ယုပေါ်ယွင်ရှ်ိရာ အဆောင်ကို ပြန်လျှောက်လာခဲ့တယ် ။
အဆောင်ထဲမှာတော့ ကျန်လူတွေက မတ်တတ်ရပ်နေကြတယ် ။ ကုဖုန်းတစ်ယောက်တည်းသာ ကုတင်ပေါ်မှာထိုင်နေပြီး ယုပေါ်ယွင်ကို သူ့ပခုံးပေါ်မှာ မှီထားစေတယ် ။

"အား..."

ယုပေါ်ယွင်က နာကျင်မှုကြောင့် ငိုလိုက်တယ် ။

သူနာပြုတစ်ယောက်က သူ့ရဲ့ဗိုက်ကို ကူညီဖိပေးရန်ပြင်ပြီး မှာစရာရှိတာ မှာကြားနေတယ် ။
"မစ္စတာ ယု..ကျွန်မ ပြောသလို လုပ်ရပါမယ်..ရှင်က ကလေးတစ်ယောက်လုံးကို ကိုယ်ဝန်ဆောင်ခဲ့ရတာမို့ ရှင့်သားအိမ်က တော်တော်နဲ့ ပြန်ချပ်ဦးမှာမဟုတ်ဘူး...
အဲ့ဒါကြောင့် ကျွန်မပြသလို ဗိုက်ကိုဖိပြီး ဗိုက်ပြန်မချပ်မချင်း မှောက်နေရပါမယ်...ပြီးတော့ ချုပ်ရိုးလည်းအတူတူပဲ..ရှင် အနာခံပြီး မဖိဘူးဆိုရင် ရှင့်ချုပ်ရိုးက ဖောင်းဖောင်းကြီးဖြစ်ပြီး ကြည့်ရဆိုးလိမ့်မယ်..ရှင်က ယောက်ျားလေးတစ်ယောက်ဆိုပေမယ့် ဗိုက်ရော ချုပ်ရိုးရော ချပ်ကပ်နေရင် ပိုမကောင်းဘူးလား..နော်..ဒါကြောင့် နာရင်​တောင် အားတင်းပြီး ဖိချရမယ်နော် ...
ပြီးတော့ သားအိမ်ထဲမှာ သန္ဓေသားက တဖြည်းဖြည်း ကြီးထွားလာတာဆိုတော့ သန္ဓေသားကြီးထွားလာတာနဲ့အမျှ သားအိမ်ကပါ တဖြည်းဖြည်း ကြီးလာခဲ့တာ..အဲ့ဒီလိုပဲ ကလေးမွေးပြီးတဲ့အခါ သားအိမ်ကြွက်သားတွေက ချက်ချင်းကြီး ပြန်ကျုံ့မသွားဘဲ ဖြည်းဖြည်းချင်းပဲ ပြန်ကျုံ့မှာ..ဒီဖြစ်စဥ်အတွင်းမှာတော့ နာကျင်မှုကို ရှင်ခံစားရလိမ့်မယ်...အဲ့ဒါအပြင် ဗိုက်တစ်လုံးလုံးကို ဓားနဲ့ခွဲပြီး အပ်နဲ့ပြန်ချုပ်ထားရတာမို့ ဒဏ်ရာက နာကျင်မှုကိုလည်း ခံစားရမှာပါ..ဒီ နာကျင်မှုတွေကိုတော့ ရှင် သည်းခံနိုင်မှရပါမယ်..အခု လောလောဆယ်တော့ ရှင့်ဗိုက်ကို ကျွန်မ ဖိပါတော့မယ်..တောင့်ထားပါဦး "

You've reached the end of published parts.

⏰ Last updated: Jul 27, 2021 ⏰

Add this story to your Library to get notified about new parts!

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now