Chapter 44

23.2K 3.3K 201
                                    

ရီမင့်ရဲ့ဗိုက်ကို အပ်တွေနဲ့ထိုးနေသလို တဆစ်ဆစ်နဲ့ ခံရခက်လှတယ် ။

သူ အရမ်း ပင်ပန်းနေပြီ !

တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲနစ်လို့ ။ လေသံယဲ့ယဲ့လေးတောင် မထွက်နိုင်တော့ဘူး ။
အရမ်းကို နာနေတာကြောင့် သူ့မျက်နှာက သွေးမရှိလေတော့ဘူး ။
"နာ..နာတယ် ! "

သူ့ဦးလေးက မျက်လုံးအောက်စိုက်ပြီး သူ့ကိုကြည့်တယ် ။
"ဟန်ဆောင်ကာမူပိုမနေနဲ့ သောက်ရေးမပါဘူး..
စည်းကမ်းအရတော့ ဒီပိုက်ဆံတွေ ငါပိုင်တယ်..
ငါ့ကို မပေးဘူးဆိုရင် မင်းက ဘယ်သူ့ကို ပေးချင်သေးတာလဲ? ..ငါက မှားနေတယ်လို့မတွေးနဲ့.. မင်းက မင်းရဲ့ဦးလေးကိုတောင် မကူညီချင်ဘူးလား? "

"ကယ်ပေးပါ "

သူ့ဦးလေးက လှောင်ရယ်ရယ်ပြီး သူ့အဒေါ်ကို အမိန့်ပေးလိုက်တယ် ။
"သူ့ကို ဆွဲထူပြီး ဒူးထောက်လို့ရအောင် ကူပေးလိုက်"

"ကဲ အခု အမျိုးတွေအားလုံး စောင့်ကြည့်နေတယ်..
အခု ငါ့ကို ဦးချပြီး တောင်းပန်တော့ "

ပြောပြီးတာနဲ့ သူ့ဦးလေးက ရီမင့်ပခုံးကို အတင်းပဲ ဖိချလိုက်တယ် ။
ရီမင့်ခေါင်းတစ်ခုလုံး ဖုန်တွေပေပွသွားတာပဲ ။

ဒီလူ​တွေက လောဘစိတ်မွှန်ပြီး အသိစိတ်ပျောက်ကုန်ကြပြီ !

သူတို့က ရီမင့်ဂုဏ်သိက္ခာကို တစစီ ဆုတ်ဖြဲလိုက်ကြတာပဲ ။

မုန်းတယ် !

နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ခါးသက်နေအောင်ကို မုန်းတယ် !

အဲ့ဒီအရူးတသိုက်ကို မသေမချင်း ဓားနဲ့ထိုးသတ်ချင်တယ် !

ဒါပေမယ့် သူ့ဗိုက်ထဲက နာကျင်မှုကြောင့် မတ်တတ်တောင် ကောင်းကောင်းမရပ်နိုင်ရှာဘူး ။

"ဟုတ်ပြီ "
သူ့ဦးလေးက သူ့ရဲ့ဝါထိန်နေတဲ့သွားတွေပေါ်အောင် အားရပါးရပြုံးလိုက်တယ် ။
"မင်းက အငယ်ပဲ..ဒါကြောင့် ငါ့ကို ဦးကုန်းချပြီး တောင်းပန်သင့်တာပေါ့...အရင်ဆုံး ငါ့ကို မင်းပိုက်ဆံတွေ​ပေးခဲ့သင့်တယ် မဟုတ်လား? "

ပြီးတော့ သူ့အဒေါ်ကို အမိန့်ပေးလိုက်တယ် ။
"သူ့ကို အခန်းထဲခေါ်သွား "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now