Chapter 26

25.9K 3.4K 163
                                    

တစ်ညလုံး ကောင်းကောင်းအိပ်လိုက်ရတာကြောင့် မနက်စောစောလေးမှာ ရီမင်နိုးလာခဲ့တယ်။အိပ်ရာကထပြီး မနက်ခင်းသန့်ရှင်းရေးလုပ်တယ်။
မုဖင်ရဲ့ပန်းကန်ထဲကိုလည်း ကြောင်စာထည့်ပေးခဲ့ဖို့ မမေ့ဘူး။

ဒီနေ့တော့ မစ်စတာမုဖင်က စိတ်ခံစားချက်တွေကောင်းနေပုံပဲ။နှာခေါင်းလေးတရှုံ့ရှံ့နဲ့ အနံ့ခံပြီး ပန်းကန်ထဲကို ခေါင်းစိုက်ကာ အားရပါးရ စားနေတယ်။

ရီမင် သဘောတကျရယ်ပြီး ယုံကြည်ချက်အပြည့်နဲ့ အလုပ်ကို သွားလေတယ်။

သူ လက်ထောက်ခန်းထဲ ဝင်ဝင်ချင်းမှာပဲ အထဲက ပရမ်းပတာတွေကို မြင်လိုက်ရလေရဲ့။

အန်နာက လက်နှစ်ဘက်လုံးမှာ ဖုန်းနှစ်လုံးကိုင်ပြီး
ဘယ်ဘက်ကဖုန်းကို ညင်ညင်သာသာလေးဖြေကြားနေတယ်။
"မစ်စတာလီအန်း ပြီးရင် ရှင့်ရဲ့ mailboxကို တစ်ချက်စစ်ကြည့်နော်"
ညာဘက်ကဖုန်းကိုတော့ အော်ဟစ်ပြောလေတယ်။
"ရှင့်ရဲ့ အမြင့်ဆုံးအရည်အချင်း ဟုတ်လား ?သူငယ်တန်းကလေးလောက်တောင် အသုံးမကျဘူး !
သာမန်Formလေးတစ်ခုပေးလိုက်တာတောင် ရှင်ကအမှားလုပ်ခဲ့တယ်..ခုချက်ချင်း ပြန်လုပ်..
အဲ့ဒါလေးမှ မလုပ်နိုင်ရင် ရှင့်ကိုယ်ရှင် မိလ္လာကန်ထဲ ခုန်ဆင်းဖို့ အဆင်သင့်ပြင်ထားတာ ပိုကောင်းမယ်"

သူမက စိုးရိမ်တကြီးနဲ့ အခန်းထဲမှာ လမ်းတွေပတ်လျှောက်နေတယ်။
ခြေလှမ်းကျယ်ကြီးတွေနဲ့လျှောက်နေတာမို့
သူမရဲ့ကျပ်ထုပ်နေတဲ့စကပ်က ချုပ်ရိုးတွေပြေပြီး ကွဲထွက်သွားမှာတောင် ရီမင် စိုးရိမ်လိုက်မိသေးတယ်။

"ဘာတွေဖြစ်နေတာလဲ?"
ရီမင် သူ့လက်ထဲက ပစ္စည်းတွေကိုချပြီး မေးလိုက်တယ်။
"ဘာလို့ အလုပ်တွေရှုပ်နေရတာတုန်း?"

အန်နာ သက်မချရင်း ဖုန်းချလိုက်တယ်။
"အရမ်း ပင်ပန်းတာပဲ"

"Project အသစ်လား?"
ရီမင် ရေနွေးတစ်ခွက်ထည့်ပြီး အန်နာ့ကို ကမ်းပေးလိုက်တယ်။

အန်နာ ခေါင်းညိတ်ကာ ဖြေတယ်။
"မနေ့က ညီလာခံကို သွားခဲ့တယ်လေ..
အဲ့ဒီကနေ ကျွန်မတို့ projectအသစ်တစ်ခု လက်ခံရလာခဲ့တယ်..တခြားပါတီတစ်ခုကလည်း plan မြန်မြန်ချဖို့ တောင်းဆိုခဲ့တယ်..အဲ့ဒါကြောင့်မို့ ကျွန်မတို့ အရှိန်မြှင့်ပြီး လုပ်နေကြတာ"

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now