အပိုင်း (၅)

2.8K 98 2
                                    

"နင် နင် ဘယ်သူလဲ"
"ဘာလို့ ငါတို့အိမ်ထဲရောက်နေတာလဲ"
"မင်းက ယွန်းလှလား"
"နင် ငါ့ နံမည် ဘယ်လိုလုပ်သိတာလဲ"
"ရပြီ သွားတော့မယ်"
"ဟဲ့ ဟဲ့"

ဒုတိယထပ် ဝရန်တာကနေ ခုန်ဆင်းသွားတဲ့သူကိုကြည့်ပြီး ယွန်းလှ ရင်တွေခုန်တာ မရပ်တော့ဘူး။
သူမတို့အိမ်က ၂ ထပ်ပြင်ထောင်အိမ်ဆိုပေမယ့် ဒုတိယထပ်က ခုန်လိုက်ရင် ပထမထပ်အမိုးပေါ်ကိုရောက်ပြီး ခြံလည်း ကျယ်တော့ ခုန်ချလိုက်ဖို့ကလည်း လွယ်လွန်းသည်။
အခုမှ စတွေ့ဖူးတဲ့သူကို ကြောက်ရမယ့်အစား ရင်ခုန်နေတာတော့ တခုခုမှားနေပြီလို့ သူမခံစားနေရသည်။

"သွေးး မင်းတို့အိမ်ဘေးကို ပြောင်းလာတာ ကောင်မလေး ချောချောလေး တစ်ယောက်ပါတယ်ဆို ... ငါတို့ကို မိတ်ဆက်ပေးလေ"

စည်သူ၊ ညီညီ၊ ခေတ်သွေး တို့ သုံးယောက်က ဒီရပ်ကွက်မှာပဲ ကြီးပြင်းခဲ့ကြသည့် အလျောက် ဆိုးအတူ ကောင်းဖက် သူငယ်ချင်းများပင်ဖြစ်သည်။

သုံးယောက်လုံး လူရှုပ်လူပွေတွေဆိုပေသည့် ခေတ်သွေးကတော့ ရုပ်ခံဖြင့် အပွေးဆုံးပင်။ တော်ကီတစ်ပေါက် ချုပ်ချက်ကောင်းမှုကြောင့်လည်း ဘယ်လောက်ဆိုးဆိုး လူတိုင်းက ချစ်ကြသည်။

"ငယ်ပါသေးတယ်ကွာ.... မင်းတို့ကြိုက်လောက်မယ့် ပုံစံမျိုး မဟုတ်ဘူး" ဟုတ်ပါသည် ဒီစကားဟာ ခေတ်သွေးပါးစပ်က ထွက်လာခြင်းပင်။ ညီညီနဲ့ စည်သူ ဘယ်မိန်းကလေးကို လိုက်လိုက် ဘာမှဝင်မစွက်ဖက်တတ်သည့် ကောင်က ငယ်ပါသေးတယ်ဆိုတော့ ဟိုနှစ်ကောင့် ခဗျာ အချင်းချင်း မျက်စပစ်နေကြလေသတဲ့။

အဲဒိအချိန်ကတည်းက ကိုယ််မင်းကို စချစ်မိခဲ့တာ သေချာတယ် ယွန်းလှ။ မင်းက အထင်တွေလွဲနေပေမယ့်ပေါ့။

ယွန်းလှအတွက် ပထမဆုံး ကျောင်းအသစ်ကို ထပ်တက်ရမယ့်နေ့။ ဘယ်လိုအသစ်တွေနဲ့ ရင်ဆိုင်ရမလဲ သူမရင်ခုန်မိပါသည်။ တစ်ခါတွေ့ပြီး ထပ််မပေါ်လာတော့တဲ့ တစ်ယောက်သော သူကိုမျှော်လင့်ရင်းနဲ့ပေါ့။

"ကဲ အားလုံးပဲ နှုတ်ဆက်မယ်။ ဒါက တီချယ်တို့ကြောင်းကို ဒီနှစ်မှပြောင်းလာတဲ့ ကျောင်းသူအသစ် ယွန်းလှနွယ်ပါ....
"သမီး ဟိုဘက်က ဝါဝါ့ဘေးမှာ သွားထိုင်လိုက်နော်.. ကျောင်းဆင်းရင် ဝိုင်းသင်ဖို့ သမီးအမေက မှာထားပြီးသားဆိုတော့ ဆရာမနဲ့ အတူတူပြန်မယ်နော်"

"ဟုတ် တီချယ်"

ယွန်းလှတို့ 8 တန်းအဆောင်ရဲ့ မျက်နှာချင်းဆိုင်အဆောင်က 10 တန်းအဆောင်ပါ။ ပြတင်းပေါက်ဘေးမှာ ကျတဲ့ ယွန်းလှအတွက်ကတော့ 10 တန်း C အခန်းရဲ့ ပြတင်းပေါက်နဲ့ ကွက်တိပါပဲ။

"ညီညီ... ဟိုဘက်အဆောင်က ကောင်မလေးကိုတွေ့လား... "

"ဘယ်ကောင်မလေးလည်း"

"ဟိုမှာလေကွာ သနပ်ခါးမပါတဲ့ တစ်ယောက်"

"အာတွေ့ပြီ အချောလေးပဲ စည်သူမင်းတွေ့တတ်တယ်ကွာ"

"အေး ဟိုကောင်ခေတ်သွေး ကျောင်းမတက်တာ နှမြောစရာပဲ"

"အေးး မင်းအဖေက ကြားရင် တုတ်လိမ့်မယ် ကြည့်ကြပ်ပြော"

"မင်းကလည်းကွာ... မကြားမှန်းသိလို့ ပြောတာပေါ့... ငါတော့ ဒီနေ့ပဲ အဲ့ကောင်မလေးကို လိုက်ချင်ပြီကွာ"

"စည်သူ မင်းဟာကလည်းကွာ မင်းအခုလိုက်နေတဲ့ A ခန်းက ဝတီ့ကို ဘယ်လိုလုပ််မှာလဲ"

"ခေါက်ထားလိုက်စမ်းပါကွာ... ငါဒီတစ်ယောက်ကိုတော့ တကယ်ကြိုက်တာကွ"

"အေး မင်းအဲ့လိုပြောတာ ၁၈၆ ယောက်ရှိပြီ ... ပြီးတော့ ကောင်မလေးကြည့်ရတာ ငယ်ငယ်လေးပဲရှိသေးတယ် အဲ့အဆောင်က အငယ်တန်းအဆောင်မလား"

"ငယ်ငယ်ကွာ အချစ်မှာ အသက် အကန့်မသတ်မရှိဘူးကွ မင်းနားလည်လား"

"ဟဲ့ ဟိုနှစ်ကောင် အတန်းစတာဖြင့်ကြာနေပြီ နင်တို့က အခုထိ စာအုပ်မထုတ်ကြသေးဘူးလား"

တီချယ့် အော်သံကြားမှ နှစ်ယောက်စလုံး အသိပြန်ဝင်ပြီး ကမန်းကတန်း စာအုပ်ထုတ်ရတော့သည်။

ဒါတောင် ညီညီ့ဆီမှ ခေတ်သွေးကျောင်းတက်မှ ဆက်ပြောကြဖို့နှင့် စည်သူ့ဆီမှ သူအရင်ရအောင် လိုက်မည်ဆိုသော တီးတိုးသံများ ဆရာမကျောနောက်တွင် ထွက်ပေါ်လာသေးသည်။

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Onde histórias criam vida. Descubra agora