အပိုင်း(၁၇)

1.9K 83 0
                                    


၁၀ တန်းစာမေးပွဲအပြီး နွေရာသီမှာ ယွန်းလှတစ်ယောက် ၉ တန်းကျူရှင်ကြိုတက်နေရသော အချိန်တွင် တစ်ယောက်သောသူရဲ့ သတင်းတွေကိုတော့ အစုံအလင်ကြားခဲ့ရသည်။

ဘယ်အဖွဲ့နဲ့ရန်ဖြစ်တယ်ကအစ သူမအမေနဲ့ ဘယ်ဖဲဝိုင်းကို လိုက်လည်းအဆုံး မကြားချင်လည်း ကြားနေရလေသည်။

ဒါပေမယ့် သူမအရှေ့ကိုတော့ တိုက်ရိုက်သူရောက်မလာခဲ့ပေ။ လမ်းတွင်ဖြတ်သွားဖြတ်လာတွေ့သော်ငြားလည်း သူမလည်း သူ့ကိုမသိချင်ယောင်ဆောင်ကာ ကျော်သွားတာများလေသည်။ သူတောင် မခေါ်မပြောဘဲနေနိုင်တာ သူမက ဘာလို့မနေနိုင်ရမည်လဲ။

ပိတောက်တွေဝေတဲ့ Thingyan လကို ရောက်လာတော့ ဆယ်ကျော်သက်အရွယ် သူမတို့ အတွက် ဘယ်သူရေလာလောင်းမလဲ ရင်ခုန်တတ်လာခဲ့လေပြီ။ အရင်နှစ်တွေက ကလေးပီပီဘာမှစိတ်မဝင်စားခဲ့သော်လည်း အခုနှစ်တွေကတော့ မတူခဲ့ပေ။ အထူးသဖြင့် ယွန်းလှအတွက်တော့ စတင်ရင်ခုန်ဖူးသော တစ်ယောက်သောသူနဲ့ တွေ့ခဲ့လေပြီမဟုတ်လား။

သူမခေါ်လို့ မခေါ်ချင်၊မသိချင်ယောင်သာ ဆောင်ပေမ​​ယ့် မသိစိတ်ကတော့ မျှော်နေမိသည်။

ရပ်ကွက်ထိပ်လေးတွေမှာ မဏ္ဏပ်လေးတွေထိုးပြီး ရေကစားကြသည်က မြန်မာရဲ့ ပုံမှန်ဓလေ့ကဲ့သလို့ ယွန်းလှတို့နေထိုင်ရာနေရာမှာလည်း ထိုကဲ့သလို့ မဏ္ဏပ်အသေးလေးတွေထိုးပြီး ရေကစားကြလေသည်။ သူမကြားရသလောက်ကတော့ စစ်သွေးသည် ဒီလိုမဏ္ဏပ်မျိုးတွေမှာ ဘယ်တော့မှာ လာမကစားဟူ၍ဖြစ်သည်။

ခေတ်သွေးကို Thingyan မှာ နောက်ပိုးလုပ်ချင်တဲ့မိန်းကလေးတိုင်း သူတို့ယောကျာ်းလေးတွေချည်း လုပ်ထားတဲ့ မဏ္ဏပ်ရှေ့မှာ ချောင်းပေါက်မတက်ဖြတ်လျှောက်ကြသည်။ သို့သော် ခေတ်သွေးသည် မဏ္ဏပ်အတွင်းမှာသာ အနေများပြီး သူစိတ်ပေါက်မှသာ ရေထပတ်ခြင်းဖြစ်သည်။

"ယွန်း ဟိုမှာနင့်ဆီကို လာနေတယ်"

ဟုတ်ပါသည်။ သူမဆီ ရေဖလားကိုင်ပြီး လာနေသောသူတစ်ဦးတော့ရှိပါသည်။အဲ့ဒိသူကတော့ သူမမျှော်နေသည့်သူမဟုတ်ပါပေ။

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now