"ကိုကို ယွန်းကို ဘာတောင်းဆိုလိုက်တယ်..."
"ယွန်း ဘာကိုသေလောက်အောင်မုန်းလဲ ကိုကိုသိရဲ့သားနဲ့"
"ကိုယ် မစောင့်နိုင်တော့ဘူး ယွန်း... အဲ့ကောင်ကို ယွန်းဘေးမှာ မြင်နေရရင် ကိုယ့်သွေးတွေ ဆူပွက်လာတယ်... ကိုယ်မြတ်နိုးရတဲ့ ပန်းကလေးကို သူများခူးသွားမှာမျိုးထိတော့ ကိုယ်သဘောထားမကြီးနိုင်ဘူးယွန်း..."
"အဲ့တော့ ကို့လက်နဲ့ ဖျက်ဆီးပြစ်မယ်ပေါ့..."
"ယွန်း....."
"ယွန်း သဘောမတူနိုင်ဘူး... ကိုထွက်သွားပေးပါ..."
"ယွန်း..."
"ယွန်းတို့ အစကတည်းက သဘောတူထားကြတယ်... နှစ်ယောက်စလုံး အဆင်သင့်ဖြစ်မှ အတူတူနေဖို့ကို..."
"ကိုတို့တွဲလာတာလည်း ကြာပြီလေ ယွန်း... ဒီလောက်လေးတောင် ကို့ကို မဖြည့်ဆည်းနိုင်ဘူးလား..."
"ကို့ဆီက ဒီထက်ပိုထွက်လာရင် ယွန်းဘက်က လမ်းမခွဲဘူးလို့ကတိ မပေးနိုင်ဘူးနော်... ကိုပြန်ပါတော့..."
"ပြီးတော့ ယွန်းဒီအခြေအနေကနေ တစ်လလောက် အနားယူချင်တယ် ကျေးဇူးပြုပြီး ယွန်းကို မဆက်သွယ်ပါနဲ့... ယွန်းပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်..."
"ဘယ်သွားမလို့လဲ ယွန်း... ကိုယ်စိတ်မချဘူး..."
"ယွန်း ဘယ်နေရာသွားသွား ဒီနေရာထက်တော့ အန္တရာယ်ကင်းပါတယ်..."
"ယွန်း မင်းဘာပြောလိုက်တယ်"
ပြောပြောဆိုဆို ယွန်းလက်ကို လှမ်းဆွဲသော သက်ပိုင်လက်အား ယွန်းလှ ပုတ်ထုတ်ကာ
"သွားပါတော့ ယွန်းကို ထပ်မထိနဲ့..."
"အိုကေ ကိုယ်သွားပေးမယ်... ဒါပေမယ့် ယွန်းဘယ်သွားမှာလဲဆိုတာ ကို့ကိုပြောသွားရမယ်..."
"ကို လိုက်မလာဘူးလို့ ကတိပေးလား..."
"ပေးတယ်..."
"ယွန်း ဟိုရောက်တဲ့အခါ ဖုန်းဆက်လိုက်ပါမယ်..."
သက်ပိုင်သည်လည်း ဘာစကားမှ ထပ်မဆိုကာ အိမ်ပေါ်မှ ဆင်းသွားခဲ့လေသည်... သွေးပူနေတုန်း လုပ်လိုက်မိသော အရာများသည် အမှားမှား အယွင်းယွင်းပင်
![](https://img.wattpad.com/cover/226797136-288-k480968.jpg)