အပိုင်း(၂၃)

1.8K 76 0
                                    

သူမ ဆယ်တန်းကျူရှင် စတက်ရချိန်တွင်တော့ သူမ၏ အပို့အကြိုရာထူးသည် သူ့အတွက်ဖြစ်လာခဲ့သည်။

ထိုနေ့ရက်များသည် ယွန်းလှအတွက် အပျော်ဆုံးနေ့ရက်များဖြစ်ခဲ့လေသည်။ ကိုယ်ချစ်တဲ့သူရဲ့ ချစ်သူဖြစ်ရသည့် ခံစားချက်သည် ဒီလိုပါလားဟု သူမစတင် အချစ်ကို ရူးသွပ်မိခဲ့လေသည်။ နေ့နေ့ညည သူ့အကြောင်းတွေးနေမိသည်ကများသည်။ သူနှင့် အချိန်ကြာကြာတွေ့ချင်သည်။ သူ မရှိသည့် အချိန်များတွင် ယွန်းလှအတွက် တခုခုလိုအပ်နေသည်ဟုပင် ခံစားလာရလေသည်။

သို့သော် သူ၏ "ကိုယ်တို့တွဲနေတာကို ဘယ်သူမှမသိအောင် နေကြရအောင် အမေသိသွားရင် ယွန်းအဆင်မပြေဖြစ်လိမ့်မယ်" ဟု ပြောစကားနောက်တွင် သူငယ်ချင်းတွေ မေးလာတိုင်း အိမ်ကအမေသူ့ကို လိုက်ပို့ခိုင်းလို့ ဟုသာ ယွန်းလှဖြေဖြစ်လာသည်။ လမ်းမှာတွေ့ရင်လည်း မသိချင်ယောင် ဆောင်ရလေသည်။ သူအမြင်မတော်တာတွေ့ရင်တော့ ယွန်းလှအနောက်ကို လိုက်လာကာ ယွန်းလှနာကျင်အောင် ပြောတတ်လေသည်။ သူမအတွက် အချစ်ရဲ့ ချိုမြိန်ခြင်းနှင့် နာကျင်ခြင်းကို တပြိုင်နက်တည်း ရရှိခဲ့လေသည်။

လမ်းထဲက ကလေးတွေရဲ့ ကိုကြီးခေတ်သွေးနဲ့ မကြီးယွန်းလှတို့ တွဲရင် အရမ်းလိုက်မှာဟု စနောက်သံတွေကြားရင် ယွန်းလှပျော်သည်။ တချို့မိန်းကလေးတွေ၏ ခေတ်သွေး ငါ့ကို ကြိုက်ရင် ကောင်းမှာပဲဟု ပြောရင် ယွန်းလှနာကျင်ရသည်။ ဒါတွေကိုတော့ သူသိလိမ့်မည်မထင်။

သူလုပ်တတ်သည့် ယွန်းလှရင်ခုန်ရသည့် အပြုအမူတစ်ခုသည် သူမကို လူလစ်ရင် လစ်သလို ခိုးခိုးနမ်းချင်ပင်။ သူ၏ အနမ်းများတွင် ယွန်းလှရုန်းမထွက်နိုင်ခဲ့တာများသည်။ သူလုပ်ချင်တာ လုပ်ပြီးသွားရင် သူမဟုတ်သလိုနှင့် ထွက်သွားတတ်လေသည်။

သို့သော် သူမတို့၏ အမှတ်တရနေ့များကိုတော့ သူမတစ်ယောက်တည်း အမှတ်တရဖြစ်ကာ သူကတော့ သတိရသည့် ပုံပင်မပေါ်သည်မို့ သူမ အခါခါကြိတ်ငိုခဲ့ရလေသည်။

ဆယ်တန်းနှစ်ဝက်တွင်တော့ သူ သူမကို လာတွေ့တာ တဖြည်းဖြည်းနည်းလာသည်။ နည်းရင်းမှပင် အဆက်အသွယ်ပြတ်သည့်အထိပင် ဖြစ်သွားလေသည်။ ယွန်းလှအတွက် ထိုအချိန်များသည် ရူးခါနေရအောင် ငိုရသည့်အချိန်များဖြစ်ခဲ့သည်။ မွန်းကြပ်သည့် ခံစားချက်ကို ဘယ်သူမှဖွင့်မပြောနိုင်သည့် အလျောက် သူမ၏ အစမ်းစာမေးပွဲများတွင် အမှတ်များကျလာခဲ့လေသည်။

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now