အပိုင်း(၁၆)

1.9K 90 2
                                    


"တီ တီ တီ"

ပွဲထဲမှာဆိုတော့ ယွန်းလှ ဖုန်းကို vibrate လုပ်ထားသည်ဖြစ်ရာ ယွန်းလှ လက်ကိုင်အိတ်ထဲမှာ ဖုန်းသည် တုန်ခါနေလေသည်။

"ဟဲလို ကို ပြောလေ"

"အင်း ယွန်း ပွဲပြီးပြီလား ကိုလာခေါ်ပေးရမလား"

"ရတယ်ကို ယွန်းနဲ့ ခေတ်သွေးကို မမြကေသီ လိုက်ပို့ပေးလိမ့်မယ် စိတ်မပူနဲ့နော်"

"အင်း တကယ်လို့ သူလိုက်မပို့ဖြစ်ရင် ကို့ကိုဖုန်းပြန်ခေါ်နော် ကိုစောင့်နေပေးမယ်"

"ရပါတယ်ကိုရဲ့ မနက်ရုံးသွားရအုံးမှာကို စောစောအိပ်အုံးနော် ယွန်းပြန်တာနောက်ကျရင် စာပို့ထားလိမ့်မယ်"

"ဟုတ်ပါပြီ ကို့မဟေသီလေးရယ် ဒီကကောင်ကြီးက စိတ်မချလို့ ကို"

"ကိုကလည်း ဒီလူနဲ့ ဒီလူတွေ စိတ်မချမဖြစ်နဲ့နော် ကိုက စိုးရိမ်နေရင် ယွန်းက အလုပ်လုပ်ဖို့ စိတ်ဘယ်ဖြောင့်မလဲ ယွန်းအလုပ်သဘောကို ကိုလည်းသိရဲ့သားနဲ့"

"ကိုသိပါတယ် ဒါပေမယ့်ကွာ ကို့စိတ်ထဲတစ်မျိုးကြီးဖြစ်နေတယ်"

"ကို ယွန်းကိုယုံတယ်မလား ယွန်းက ကိုကလွဲရင် ကျန်တာစိတ်မဝင်စားဘူးနော် စောစောအိပ်တော့နော်ကို ဒါပဲနော်"

"အင်း ဂရုစိုက်အုံးနော် Bye ကို့ရဲ့ ယွန်းလေး"

"ဟုတ် Bye"

ညနေက ယွန်းလှဆီက ပြန်လာကတည်းက သက်ပိုင်ရဲ့စိတ်တွေ လေးလံလို့နေခဲ့သည်။ သူနဲ့ယွန်းလှကို စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံက သူရဲ့စိတ်ထဲကနေ ယခုထိထွက်မသွားနိုင်ဖြစ်နေလေသည်။ ထိုအကြည့်များသည် သူ့အပိုင်ပစ္စည်းတစ်ခုကို နောက်တစ်ယောက်က ခဏကိုင်ကြည့်နေစဉ် သဘောမကျသည့် ကလေးတစ်ယောက်ရဲ့မျက်လုံးများနှင့် လွန်စွာဆင်နေလေသည်။

"ယွန်း အမပြန်ပို့ပေးမယ် လာ"

"ရတယ်မ ယွန်းကို့ဘာသာ taxi ဌားပြီး ပြန်လိုက်မယ်"

"ဟယ် ဘယ်ကသာ စစ်သွေးကို လိုက်ပို့ရင်းနဲ့ တခါတည်း ပြန်လိုက်ပို့မယ်လေ"

"ရတယ်မ ယွန်းအိမ်မပြန်ဘူး သွားစရာရှိလို့ "

"အယ် ဒီကောင်မလေး ဘယ်သူနဲ့ချိန်းထားတာလဲပြောစမ်း"

"အမကလည်း"

ရှက်ပြုံးလေးနဲ့ ယွန်းဆိုတော့ 

"ဟုတ်ပါပြီ အဲဒါဆို အမတို့သွားပြီနော်"

အမမြကေသီနဲ့ စနောက်ပြီး သူမ အိမ်ပြန်ဖို့ကိုပဲ taxi ဌားလိုက်လေသည်။ သူမ ဘယ်မှသွားဖို့ရန်မရှိပါ။ သို့သော်လည်း ကားပေါ်မှ သူနဲ့တော့ ဒီည သူမ လိုက်မစီးချင်သည်ကတော့ အမှန်ပင်။

"သွေး မင်း ယွန်းနဲ့ တစ်ခုခုဖြစ်ထားတာလား"

"အင်း ဖြစ်ထားတယ်"

"အခုမှ ပြန်တွေ့ကာစပဲ ရှိသေးတယ်လေသွေး မင်း အချိန်တစ်ခုထိ မစောင့်နိုင်ဘူးလား"

"ကျွန်တော်မစောင့်နိုင်ဘူးအမ ကျွန်တော်စောင့်လာရတာ ၆နှစ်ရှိပြီ ဒီထက်ပိုပြီး သူ့ကို ကျွန်တော့်ရဲ့ အဝေးမှာ မထားတော့ဘူး"

"သွေး အမ အကြံပေးမယ်နော်.... ယွန်းက အဲ့တုန်းကလို ကလေးမလေးမဟုတ်တော့ဘူး သူ့မှာရည်ရွယ်ထားသူလည်းရှိနေပြီ... အမကတော့ မင်းလမ်းမင်းလျှောက်စေချင်တယ်"

"ကျွန်တော်ဒီလမ်းကိုရွေးတာ ဘယ်သူ့ကြောင့်လဲဆိုတာ အမသိပါတယ်... ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ အမထပ်မပြောတာ ကောင်းမယ်ထင်တယ်"

"ကောင်းပြီ မင်းမကြိုက်ရင် အမ ထပ်မပြောတော့ဘူး.... ဒါပေမယ့် မင်းအနောက်မှာ မင်းအဖေနဲ့ အမရှိသေးတယ်ဆိုတာကိုတော့ သတိရပါ... အကိုကြီးကလည်း ဟိုကနေ မင်းကိုသာ ပြန်လွှတ်လိုက်ရတာ သူ့မှာ တဖွဖွမေးနေတယ်"

"ကျွန်တော်ကလေးမဟုတ်တော့ပါဘူးအမရာ ကျွန်တော်ဘာလုပ်နေလဲဆိုတာ ကျွန်တော်သိတယ်... အဖေကတော့ သူ့အလုပ်တွေကို ဆက်မလုပ်ပေးတော့တဲ့ သားတစ်ယောက်ကိုတော့ မျှော်နေမယ် မထင်ဘူး"

အခြေအတင်ပြောပြီးနောက် ခေတ်သွေးနေထိုင်ရာကွန်ဒိုနားကို ရောက်တာနဲ့ ခေတ်သွေးတစ်ယောက် ကားပေါ်မှာ ဆင်းသွားလေသည်။

ကားပေါ်မှ ဆင်းသွားသော မောင်ဖြစ်သူရဲ့ နောက်ကျောကို ကြည့်ပြီး မြကေသီတစ်ယောက်တော့ လွန်ခဲ့တဲ့ ၆နှစ်၊ သူမအရှေ့မှာ သေလုမျောပါးဖြစ်လောက်အောင် ငိုခဲ့တဲ့ နောက်ကျောတစ်ခုကို ပြင်မြင်ယောင်လာခဲ့သည်။

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now