အပိုင်း(၉)

2.2K 95 2
                                    

"အန်တီ အမေက မုန့်ဟင်းခါးပေးခိုင်းလိုက်တာ"

"ဟယ် မူယာတို့ကတော့ အလုပ်တွေပိုကုန်ပါပြီ... ငါ့သားလေးလည်း လာပို့ရတာပင်ပန်းသွားပြီ"

အမေ ဟိုက ချိုင့်လေးပဲ ဆွဲပြီး လာပို့ရတာပါနော်။ ယွန်းလှတစ်ယောက် စိတ်ထဲကပဲ ပွစိပွစိပြောကာ လှဲပြီးသာချိုင့်ကို ဆေးပြီး အိမ်ရှေ့ယူလာခဲ့သည်။

"သား ညီမလေးကော ကျောင်းမှာ လိမ်မာရဲ့လား သူတစ်ခုခု မလိမ်မာတာရှိရင် အန်တီ့ကို လာတိုင်နော် အားမနာနဲ့"

အမေရေ တိုင်ရမယ့်သူက သမီးပါနော်။

"ရော့ နင့်ချိုင့်"

"ဟဲ့ ကိုယ့်ထက်အကြီးကို ဘယ်လိုပြောလိုက်တာလဲ"

"အကြီးက အကြီးလိုမှ မနေတာ အမေကလည်း"

"တိတ်စမ်း ကိုကြီးလို့ပြောင်းခေါ်"

"ဟာာ မခေါ်နိုင်ပါဘူး အမေကလည်း ရော့ ရော့ ကိုယ့်ချိုင့်ကိုယ်ယူပြီး ပြန်တော့"

"ဟဲ့ ဟဲ့ ဒီကလေးကတော့ ရောက်တုန်းရောက်ခိုက် နေခိုင်းတာမဟုတ်ဘူး ငါ့သားကို"

ဘယ်လိုနှင်ထုတ်ထုတ် ကိုယ်တော်ချောက မကြွတဲ့ အပြင် အမေကလည်း အားပေးအားမြှောက် လုပ်နေလေတော့ သူမလည်း ဆက်မပြောတော့ဘဲ အိမ်ပေါ်ထပ်ပဲ တက်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် အပေါ်ထပ်မှာတော့ သူမ ကမ္ဘာငယ်လေး ရှိလေသည်။

ဘယ်သူမှ လာမနှောက်ယှက်သည့် ကမ္ဘာငယ်လေးပေါ့။ ဒါပေမယ့် တစ်ယောက်သော သူအတွက်တော့ အကြုံးဝင်မည်မထင်။

စာအုပ်အဌားဆိုင်က ငှါးလာတဲ့ ကာတွန်းစာအုပ်ကို တစ်ဝက်လောက် ဖတ်ပြီးနောက် အောက်ထပ်က တစ်ယောက်လည်း ပြန်သွားလောက်ပြီထင်ကာ အခွေကြည့်ဖို့ ဆင်းလာလိုက်သည်။

"ခလွမ်း:::: ကုန်ပါပြီ"

"အန်တီ sorry နော် မီးမမြင်လိုက်လို့"

အိမ်က အိမ်ထိန်းအန်တီထင်ကာ သူမပြောပြီးတော့မှ တိုက်မိတဲ့သူက သူမ ပြန်ပြီထင်ထားတဲ့သူ ဖြစ်နေလေတော့သည်။

"မင်းနဲ့ ငါ တွေ့တာနဲ့ကို တစ်ခုခုဖြစ်တော့တာပဲ"

"ဟယ် သမီးလေး ဘာဖြစ်သွားသေးလဲ... အော် မုန့်တွေ မှောက်ကျကုန်တာပဲ... လာလာ သား အန်တီ ပြန်ထည့်ပေးမယ်"

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now