"ယွန်း မနက်ဖြန် ညနေ ကျွန်မအိမ်မှာ ညစာ လိုက်စားလို့ရမလား..."
"Okura San တို့ မိသားစုစားကြမှာမလား... ကျွန်မ မလိုက်တော့ပါဘူး..."
"အင်း... ကျွန်မတို့ ခေတ်သွေးနဲ့ သက်ပိုင်ကိုပါ ဖိတ်ထားတယ် ယွန်း... ကျွန်မရှင့်ကို သက်ပိုင်နဲ့ ပြန်အဆင်ပြေစေချင်တယ်... အလုပ်ကိစ္စလည်း နည်းနည်းပါးပါး ပြောမှာဆိုတော့ ကျွန်မ လက်ထောက်အဖြစ် လာခဲ့ပေးပေါ့..."
"သိပါပြီ Okura..."
ညစာ စားပွဲ ညနေတွင်
Tsubaki သည် ထမင်းစားပွဲ ထိပ်တွင်ထိုင်ပြီး Okura Tsubaki က ဘေးထိပ်တွင် ထိုင်သည် သူမဘေးတွင်တော့ ခေတ်သွေးထိုင်ကာ သူမရှေ့ထိပ်တွင် တော့ သက်ပိုင်က ထိုင်သည်... ယွန်းလှက သက်ပိုင်ဘေးတွင်ထိုင်ရကာ ခေတ်သွေးနှင့် မျက်နှာချင်းဆိုင် အနေအထေားဖြစ်လေသည်...
"ကျွန်တော့်ကို တကူးတကဖိတ်ပေးလို့ ကျေးဇူးတင်ပါတယ် Tsubaki san..."
သက်ပိုင်မှ ဦးစွာ Tsubaki ကို စကားဆိုလိုက်သည်...
"ဦးတို့က စီးပွားရေးမိတ်ဖတ်တွေပဲ... ဒီလို လူငယ်တွေကို လက်တွဲခေါ်ရတာ ဦးလည်း ဝမ်းသာပါတယ်... ဗမာတွေပဲဆိုတော့ ဦးအိမ်ကို ဗမာ အစားအစာပဲ ချက်ပြုတ်ခိုင်းထားတယ်... အဆင်ပြေကြရဲ့လား..."
"ဟုတ်ကဲ့ပြေပါတယ်...ဦး..."
"ဒါနဲ့ သမီးကော Okura ဆီမှာ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား.... ကလေးငယ်ငယ်လေးနဲ့ အလုပ်ထွက်လုပ်တာ ဦးတောင် ကြားကြားချင်း အံ့သြနေတာ..."
"ဟုတ်ကဲ့ ပြေပါတယ်ဦး... ယွန်းဘာသာ အလုပ်ထွက်လုပ်ချင်လို့ပါ..."
"အင်း ဒါနဲ့ ခေတ်သွေးသားကော နေရထိုင်ရတာ အဆင်ပြေရဲ့လား... ဦးသမီး ဧည့်ဝတ်မကျေရင် ပြောနော်..."
"ဟုတ်ကဲ့ ပြေပါတယ်ဦး... Okura san က လိုလေသေးမရှိ ဆောင်ရွက်ပေးပါတယ်... ယွန်းလှနွယ်ကောပါ..."
ထိုစကားသည် သက်ပိုင်အား မထိတထိ ပြောလိုက်သည့်နှယ်...
"အင်း ... အခုလို ဦးအလုပ်အတွက် မိတ်ဖွဲ့ဖို့လာပေးကြတာ ဦးကျေးဇူးတင်တယ်ကွဲ့ ... ကဲကဲ စားကြပါအုံး..."
![](https://img.wattpad.com/cover/226797136-288-k480968.jpg)
KAMU SEDANG MEMBACA
ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်
Romansaကံကြမ္မာက ကြိုးဆွဲရာကခဲ့ရတဲ့ သူတို့နှစ်ယောက်