အပိုင်း(၂၁)

1.8K 84 0
                                    

ယွန်းလှတို့ ၉ တန်းနှစ်ဝက်ကျော်လာချိန်မှာတော့ သူမတို့ သူငယ်ချင်းသုံးယောက်နှင့် မျက်မှန်းတန်းနေသော ကောင်လေးတစ်ယောက်ရှိလာခဲ့လေသည်။ 

သူ၏နံမည်က ဟန်လင်းထက်ပင်။

သူမတို့က Bio ဆိုလျှင် သူက Eco အတွဲက ရုပ်ရည်အချောဆုံး၅ ယောက်ထဲတွင်ပါသောသူဖြစ်သည်။

ဖြစ်ပုံက ယွန်းလှတို့ မုန့်စားဆင်းတိုင်း မုန့်စားအဆောင်က လျှောက်လမ်းနှင့် သူ၏အခန်းက တည့်တည့်ဖြစ်နေလေသည်။ ယွန်းလှတို့ မုန့်ဝယ်ပြီး ပြန်လာတိုင်း သူက ပြတင်းပေါက်နားကနေ သူမတို့ ၃ ယောက်ကို အမြဲတမ်းကြည့်တတ်သည်။ သူမတို့ထဲတွင် ယွန်းလှက အပုဆုံးလို့ပင် ပြောလို့ရသည်။ ဝါဝါက သူမထက် အရပ် ၁ လက်မလောက်ပိုရှည်ကာ သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲပြီး ဘယ်ကောင်လေးမှ လူမထင်သူဖြစ်သည်။ သို့သော် သူမ လူထင်သည့် တစ်ယောက်သည် ဟန်လင်းထက်ပင်ဖြစ်ပါသည်။ ဟန်လင်းထက်၏ အကြည့်သည် သူမအတွက်ဟုသာ တစ်ဦးတည်းမှတ်ယူထားသူလည်းဖြစ်ပါသည်။ 

ထို့သော် မှတ်ယူထားခြင်းများကို ရိုက်ချိုးလိုက်သော အစမ်းစာမေးပွဲဖြေပြီး တစ်ရက်တွက် ဝါဝါတစ်ယောက် အိနြာလက်ကိုဆွဲကာ ယွန်းလှကို တစ်ဦးတည်း ဖယ်ကျဉ်းလိုက်ပါတော့သည်။ အဘယ်ကြောင့်ဆိုသော် ဟန်လင်းထက်က ယွန်းလှ လက်ကိုဆွဲကာ ချစ်ကြောင်း ဝန်ခံခဲ့သောကြောင့်ပင်ဖြစ်သည်။ 

ယွန်းလှ မှ ဘာလို့ ဒီလိုတွေ လာကြုံနေရသည်မသိပေမယ့် ဟန်လင်းထက်သည် အမှန်တိုင်းဆိုလျှင် ငြင်းချင်စရာမရှိသည့် အနေအထားပင်ဖြစ်လေသည်။ သူမ တစ်ဖက်သတ်ကြိုက်နေရသည့်သူလို ဆိုးပေသည်ဟုလည်းမကြားမိ အသားဖြူဖြူ ကိုရီးယားမင်းသားကေနှင့် ရေပန်းစားသော ကောင်လေးတစ်ယောက်ပင်ဖြစ်လေသည်။ 

ဝါဝါတို့က ယွန်းလှကို ဖယ်ကျဉ်ပြီးနောက်ပိုင်းတွင် ယွန်းလှ၏ကျောင်းသွားကျောင်းပြန်အဖော်သည် သူဖြစ်လာခဲ့လေသည်။ ထိုသတင်းသည် စာမေးပွဲကြီးဖြေခါနီးတွင် ယွန်းလှအမေနားထံ ဆိုက်ရောက်လို့ သွားပြန်လေသည်။ ဟန်လင်းထက်၏အိမ်သို့သွားကာ စာမေးပွဲဖြေခါနီးတွင် သူမ၏ သမီးကို မနှောက်ယှက်ဖို့သွားရောက်ပြောကြားကာ ယွန်းလှကိုလည်း အသွားအလာထပ်မံကန့်သတ်လိုက်ပြန်လေသည်။ ဒီလိုအချိန်တွင် ယွန်းလှ တစ်ယောက် တစ်ယောက်သောသူကို မုန်းတီးမိပြန်လေသည်။ သူကတော့ သွားချင်တိုင်း သွား လာချင်တိုင်းလာနေပြီး ယွန်းလှအတွက်တော့ ဘာမှ လုပ်ပိုင်ခွင့်မရှိလေလားဟု ယွန်းလှခံစားလာရသည်။ 

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now