မီးနီနေသည့် Operation အခန်း ၂ ခန်း
ဆေးရုံကော်ရစ်တာတွင် အသွားအပြန်လျောက်နေသည့် ငယ်ရွယ်သည့်မိန်းခလေးတစ်ဦးနှင့် သတ်လတ်ပိုင်း အမျိုးသမီးတစ်ဦး
နံရံကိုမှီပြီးရပ်နေသည့် အရပ်ရှည်ရှည် အမျိုးသားတစ်ဦး
ဝှီးချဲပေါ်တွင် ထိုင်နေသည့် လူကြီးတစ်ဦး
သွေးပေနေသည့် အကျီများအား မလဲရသေးသည့် လူတစ်စု
အရာအားလုံးသည် တိတ်ဆိတ်နေသော်လည်း လူတိုင်း၏ရင်ထဲတွင်ရှိနေမည့် တူညီသည့်ဆုတောင်း
"လူနာရှင် ဘယ်သူပါလဲ....
တဖက် ခွဲခန်းထဲမှ ထွက်လာသည့် ဆရာဝန်၏ အမေးစကားသည် ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းသွားလေသည်...
"ကျွန်မက သူ့ယောင်းမပါ.. ကျွန်မကို ပြောလို့ရပါတယ်..."
မမြတ်ကေသီက ဆရာဝန်၏ မေးခွန်းကို လှမ်းဖြေလိုက်သည်...
"အင်း...သန္ဓေသားကိုတော့ ကားပေါ်က လှိမ့်ကျတဲ့အရှိန်ရယ် သွေးဆင်းတာလည်း အလွန်များသွားတဲ့အတွက် ကျွန်တော်တို့ ကယ်လို့မရခဲ့ဘူး.... မိခင်ကိုတော့ အတတ်နိုင်ဆုံး ခွဲစိတ်ပေးခဲ့ပါတယ်... ဒါပေမယ့် သူမနောက်ထပ်ကိုယ်ဝန်ဆောင်လို့မရတော့ဘူး... ဦးခေါင်းနောက်စေ့ကိုလည်း အနည်းငယ်ခိုက်မိထားတဲ့အတွက် မှတ်ဉာဏ်ချို့ယွင်းမှုအနည်းငယ်ဖြစ်နိုင်တယ်... ဒါတော့ လူနာနိုးလာမှပဲ ကျွန်တော်တို့ ပြောပေးလို့ရမယ်... လောလောဆယ်တော့ ICU ထဲမှာ လူနာကို ထားရပါမယ်..."
"ဟုတ်ကဲ့ ကျွန်မသိပါပြီ... ဆရာတို့အဆင်ပြေအောင် ဆောင်ရွက်ပေးပါ... လူနာကိုအပ်ပါတယ်..."
ထို့နောက် ဆရာဝန်က ခွဲခန်းထဲကို ပြန်ဝင်သွားလေသည်... ထိုစဉ် တဖက်ခန်းမှ ဆရာဝန်လည်း ထွက်လာလေသည်...
"လူနာရှင်တွေလား..."
"ဟုတ်ပါတယ်..."
ဒီတခါဖြေလိုက်သူကတော့ မြတ်ထွန်းခေါင်ပင်ဖြစ်သည်...
"လူနာက ကားတိုက်တဲ့အချိန်မှာ ခြေထောက်ကို ညှပ်သွားတဲ့ဒဏ်က အတော်ပြင်းတယ်... ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ်... သူ့ရဲ့ခြေထောက်ကို တော့ "