အပိုင်း (၂၅)

1.8K 80 0
                                    

"ဒီမှာထိုင်လို့ရတယ်...."

"အင်း.." 

ယွန်းလှ ခေတ်သွေးကို နေရာပြပြီးနောက် အိတ်များ အခန်းအတွင်းသို့ သွားထားလိုက်သည်။ သူမဌားနေသော တိုက်ခန်းသည် foreigner များနေရန် ပြင်ဆင်ခဲ့သည့် အခန်းဖြစ်သည့်အလျောက် အထိုက်အလျောက် သပ်ရပ်ပြီး အိပ်ခန်းတစ်ခန်းပါကာ အနောက်တိုင်းဆန်ဆန် နေချင်စဖွယ်ဖြစ်လေသည်။ မီးဖိုချောင်ကို အလယ်ခန်းတွင် ထည့်ထားသည်ဖြစ်ရာ ထိုအရှေ့တွင်တော့ စက်တီခုံ ၂ခုနှင့် ဆိုဖာအရှည်တစ်ခုရှိကာ တီဗီရှိလေသည်။

ခေတ်သွေးက ဆက်တီတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ သက်ပိုင်ကတော့ ယွန်းလှ နှင့် ညစာ စားဖို့ ဝယ်လာသည်များအား မီးဖိုချောင်တွင် သွားထားပြီးနောက် ဆိုဖာခုံရှည်တွင် ဝင်ထိုင်လေသည်။ 

ယွန်းလှလည်း အိတ်ထားပြီးသည်နှင့် ထွက်လာကာ

"ကို ဘာဝယ်လာတာလဲ"

"အင်း... ယွန်းကြိုက်တဲ့ အမဲသားနှပ်"

"ရှယ်ပဲ..."

သူမ ပြောပြောဆိုဆိုနှင့် သက်ပိုင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ ခေတ်သွေးကမူ ဘာစကားမှမဆိုချေ။ ငယ်စဉ်က တစိမ်းယောကျ်ားတစ်ယောက်နှင့် ငါးမိနစ်ထပ် ပိုပြီး အတူတွေ့မိပါက ယွန်းလှကို မစာမနာပြောရက်သူသည် အခုမူ တခြား တစ်ယောက်နှင့် တူနေလေသည်။ သက်ပိုင်ကပင် အလိုက်သိစွာ

"အင်း အဲဒါဆို ယွန်းတို့ အလုပ်အကြောင်း ဆက်ပြောကြလေ... ကိုစားဖို့ သွားပြင်လိုက်မယ်"

"ကို ခေတ်သွေးကော စားပြီးပြီလားခဗျ...  ကျွန်တော်က ၂ ယောက်စာပဲ ဝယ်လာမိလို့"

"ရတယ် ကျွန်တော်မစားတော့ပါဘူး..."

သူတို့နှစ်ယောက် အပြန်အလှန်ပြောပြီးနောက် သက်ပိုင်က မီးဖိုခန်းသို့ သွားလေသည်။ ယွန်းလှမှာမူ သူမတို့ အလုပ်အကြောင်း ပြောနေခဲ့သည် မဟုတ်ရာ ဘာအကြောင်း ပြောရမှန်းမသိ လိုက်ရှာနေမိသည်။ ရုတ်တရက် သူ့ဆီမှ

"မမြတ်က မင်းဆီကို မနက်ဖြန် ရိုက်မယ့် shoot တစ်ခုအတွက် mail ပို့ပေးထားတယ်ပြောတယ်... အဲဒါဖတ်ပြီး ကို့ကို ရှင်းပြနိုင်မလား?"

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now