အပိုင်း(၁၉)

1.8K 91 6
                                    

ဆယ်တန်းအောင်စရင်းတွင် စည်သူကော ခေတ်သွေးပါ ရိုးရိုးနှင့်အောင်လေသည်။ ခေတ်သွေး စာကို တောင်စဉ်ရေမရဘဲကျက်ပြီး မည်သို့မည်ပုံအောင်သွားသည်ကိုတော့ သူ၏အဖေမှ တပါး အခြားသူမသိချေ။ 

ညီညီကတော့  ၁၀ တန်းကျကာ ယွန်းလှတို့နှင့် ကျူရှင်တူတူ reapter အတန်းတက်ရလေသည်။

ဒါ့ကြောင့် ကျူရှင်မှာဆိုလည်း ညီညီက ယွန်းလှကို အမြဲတမ်းနောက်ပိုးလုပ်လေသည်။ 

"ယွန်း သူတို့တွေက မဟုတ်သေးဘူးနော် နင့်ကို ဘာလို့ တစ်ယောက်တစ်လှည့် လိုက်နေကျတာလဲ"

"အေး ဟုတ်တယ် နင်ကိုစည်သူ့ကို အဖြေပြန်မပေးမိတာ ကံကောင်းတယ်"

"အဲဒါထားပါ ငါအခုလုပ်ချင်တာ တစ်ခုရှိတယ်"

"ဘာလဲ ဟ"

ဝါဝါနဲ့ အိနြာတို့ ယွန်းလှအဖြေကို ကြားရချိန်မှာတော့ သူတို့နားပင် သူတို့ မယုံနိုင်အောင် ဖြစ်သွားရသည်။

"ဘာ ဟေ့ရောင် ဟုတ်လို့လား မင်းဟာက ... ငါ တစ်နှစ်တိတိ လိုက်တာတောင် အဖြေပြန်မပေးတာ မင်း နှစ်ဝက်လောက် လိုက်တာလေးနဲ့ အဖြေပြန်ပေးမယ်ဆိုတာကြီးက"

"အေး မင်းမယုံလဲနေ ယွန်းလှကို ဟိုနေ့က သူ့သူငယ်ချင်းနဲ့ နှစ်ယောက်တည်း စက်ဘီးစီးသွားတာ တွေ့လို့ နောက်ကလိုက်သွားတာ... ဒီလာမယ့် စနေ အဖြေပြန်ပေးမယ်တဲ့"

"မင်းကို ငြင်းလွှတ်လိုက်မှာ သေချာတယ် ဟေ့ရောင်... ငါ့လို အရပ်ရှည်တဲ့ ကောင်ကိုတောင် မကြိုက်တာ မင်းလိုဂျပုမျိုးဆို ဟား ဟား"

"အေး အဲ့နေ့ မင်းမယုံရင် လိုက်ခဲ့လေ"

"ငါတော့ မလိုက်ဘူးဟေ့ရောင် ငါက မနှစ်ကမှ သူ့ကို အသေရရ အရှင်ရရ လိုက်ထားတာ။ မင်းလိုမျိုး အဖြေပြန်ပေးမယ်လို့တောင် အချိန်းမခံရဖူးဘူး"

"ဟား ဟား သနားဖို့ကောင်းလိုက်တဲ့ ကောင်လေး မင်းအဖေကို ဆရာခေါ်လိုက်စမ်းပါ"

"မင်း ဘိုးအေကြီးပဲ ဆရာခေါ်"

"ဒါဆို ခေတ်သွေး မင်းလိုက်ခဲ့ပေးကွာနော့်....ငါတစ်ယောက်တည်းကျတော့ မိန်းကလေးတွေကြား အားငယ်တယ်လေကွာ"

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now