အပိုင်း (၄၇)

1.7K 84 0
                                    

"ခေတ်သွေး..."

သူမဆီကို ပြေးလာသည့်ပုံရိပ်သည် သူမကို နွေးထွေးစွာ ထွေးပွေးလိုက်လေသည်... သူမ၏ အမြင်အာရုံအတိ အမှောင်ကျချိန်တွင်တော့ လူတစ်ယောက်၏ နာကျင်စွာ အရိုးကျိုးသံကို သူမကြားလိုက်ရသေးသည်...

သက်ပိုင်သည် နယ်ပိုင်ရဲများခေါ်ကာ ခေတ်သွေးနောက်မှ လိုက်လာလေသည်... သူအခန်းထဲ ရောက်သည့်အခါ ကုတ်အကျီအောက်မှာ ခွေခွေလေးလဲနေသည့် ယွန်းလှနှင့် တဖက်လူအား လူရုပ်ပင်မပေါ်အောင် ထိုးကျိတ်ထားသည့် ခေတ်သွေးတို့အား တွေ့လိုက်လေသည်...

"ဟေ့ကောင်တော်တော့ ဟိုမှာသေတော့မယ်..."

"သေဖို့ပဲတန်တဲ့ကောင်... ရာရာစစ လာထိရဲတယ်..."

"ကျွတ်..." 

သက်ပိုင်က ပြောမရသည့်အဆုံး လွှတ်ထားပေးလိုက်သည်... ရဲများကိုတော့ သူပဲ ရှင်းထားလိုက်ရသည်... ခေတ်သွေးက ယွန်းလှကို ပွေ့ချီကာ ထွက်သွားလေသည်...

"အင့်.... အင်း.... လွှတ်... မထိနဲ့...."

"ယွန်း...ယွန်း.... ဘာမှမဖြစ်တော့ဘူး... ဘာမှမဖြစ်တော့ဘူး... ဘာမှမဖြစ်တော့ဘူးနော်. ကိုရှိတယ်.."

ထိုအသံ... ဒီအသံကို သူမတစ်နေရာရာမှာကြားခဲ့ဖူးသည်... ဘယ်တုန်းကပါလဲ... သူမစိတ်ထဲတွင် တော်တော်ရင်းနှီးနေတယ်...



လွန်ခဲ့တဲ့ ၉နှစ်....

ယွန်းလှသည် ထို့နေ့တွင် ကျောင်းပိတ်သဖြင့် စာအုပ်အဌားဆိုင်တွင် စာအုပ်သွားဖတ်ရင်းနဲ့မှ မိုးချုပ်သွားသည်ကို မသိလိုက်ချေ... သူမ ပြန်လာချိန်တွင် လမ်းမီးများတောင် ဖွင့်နေကြပြီဖြစ်သည်...

"အင့်... အာ့... ခွက်... "

သူမအရှေ့တွင် လူတစ်စုသည် ရန်ဖြစ်နေကြသည်... အများနှင့် တစ်ယောက် ဖြစ်ဟန်တူသည်... သူမ အစက ဒီတိုင်း ရှောင်သွားမလို့ပင်... သို့သော် အများနှင့်တစ်ယောက်ဖြစ်နေသည့်သူသည် သူမတို့အိမ်ဘေးမှ အကိုကြီးဖြစ်နေလေသည်... သူမ အခန်းတံခါးကို လာလာခိုးတက်တဲ့သူ...

"ဟင်... သူပါလား..."

"ဟေ့ကောင် မင်းငါ့စော်ကို ဖြတ်ခုတ်သွားတာ ငါမသိဘူးထင်နေလား..."

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now