အပိုင်း (၂၂)

1.8K 80 2
                                    

သူမတို့ နှစ်ယောက် အိမ်ပြန်ရောက်လာသည့်တိုင် သူမရင်ခုန်နှုန်းသည် မကျသေး၊ လက်တွေလည်း တုန်လို့နေသည်။

သူမ၏ ဦးဆုံးအချစ်နှင့် ဦးဆုံးအနမ်းပင် မဟုတ်ပါလား။
ဘာမှမဖြစ်ခဲ့သလိုနှင့် အိမ်ထဲဝင်သွားသော သူကိုတော့ ယွန်းလှမကျေမနပ်ဖြစ်မိသည်။ သူ့အတွက် ယွန်းလှက ဘာလဲ။

"ဖြန်းးးးး"

အမေဝယ်လာသည့် J's donut မုန့်ကို သူ့မစားရန် ပန်းကန်ထဲ ထည့်အပြီး သူမနောက်ဖေးဝင်လာသည်နှင့် သူခွံ့ကျွေးဖို့ ပြင်လိုက်သည်။

ယွန်းလှသည် သူမဆီ ဇွန်းကန်းလာသော လက်တစ်စုံကို ကျော်လွန်ကာ သူ၏ပါးကို ရိုက်လိုက်မိသည်။ ဒါသူမ၏ ပထမဆုံးအနမ်းကို အလွယ်ရယူခြင်းအတွက်ပင် ဟု သူမခံယူထားလိုက်သည်။ သို့သော် ခေတ်သွေး၏ မျက်ဝန်းတစ်စုံသည် သူမတခါမှမမြင်ဖူးသော မျင်ဝန်းတစ်စုံအဖြစ်သို့ ပြောင်းသွားခဲ့လေသည်။

ခေတ်သွေး မုန့်ပန်းကန်ကိုချကာ ထိုအိမ်မှထွက်ခွါလာခဲ့သည်။ သူ၏ပါးကို သူချစ်လှသည့် သူ့အမေပင် မရိုက်ဖူးပင်။ ထို့ကြောင့် ယောကျာ်းမာနတို့ တမဟုတ်ချင်းထွက်လာကာ ယွန်းလှကို သူထားခဲ့မိလေသည်။

"သမီးလေး .... သားနဲ့ စကားများပြန်ပြီလား"

အိမ်အကူ ကြီးကြီး၏ အသံကြားမှ ယွန်းလှ ကြောင်ရပ်မိနေရာမှ အသိဝင်လာကာ

"ဒီလိုပါပဲ ကြီးကြီးးးး သမီး အပေါ်တက်တော့မယ်"

ယွန်းလှ ပြောပြောဆိုဆိုနှင့် အိမ်အပေါ်ပြေးတက်လာကာ သူမစာကြည့်စားပွဲတွင် ခေါင်းအပ်၍ ငိုမိလေတော့သည်။ ဒီမျက်ရည်တွေဟာ ဘာကြောင့်ကျရသည်ဆိုသည်ကိုတော့ ယွန်းလှပင်မသိတော့ချေ။

ထိုနေ့မှစ၍ ယွန်းလှအနီးတွင် သူထပ်မံပျောက်ကွယ်သွားလေသည်။
၂ ရက်လည်းပေါ်မလာ၊ ၃ ရက်လည်း ပေါ်မလာ၊ ၄ ရက် ၅ ရက်တိုင် ပေါ်မလာသည့်သူ့ကို ယွန်းလှမသိစိတ်က စောင့်မျှော်နေမိသည်။ သူမကို ချစ်တယ် တစ်ခွန်းမပြောဘဲ သူမအနမ်းကို သိမ်းပိုက်သွားလေသူအား သူမမကျေနပ်သည်ကတော့ အမှန်ပင်။ ထို့ကြောင့် ကြင်ကြင်နာနာ မုန့်ကမ်းလာသော သူ့လက်ကို မိန်းမ မာနဖြင့် သူမရိုက်ချခဲ့မိသည်။

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now