အပိုင်း (၂၆)

1.8K 85 0
                                    

"သွေး... မင်းရဲ့ photo shoot တွေကို client တွေက သဘောကျကြတယ်... မင်းအမကိုပြောတော့ အပျော်ဆိုပြီး ယွန်းလက်ခံသမျှ အလုပ်တွေအကုန် မင်းလိုက်လုပ်နေတာ မင်း ဒယ်ဒီ့ဆီကို မပြန်တော့ဘူးလား"

"ဘာလဲ အမက ကျွန်တော့ကို အဲ့ငရဲတွင်းထဲကို ထပ်ဆင်းစေချင်နေတာလား..."

"ဒါပေမယ့် ဒယ်ဒီက မင်းကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူးသွေး... အခုတောင် မင်းအကို အာရုံလွှဲထားလို့ မင်းဒီလောက်ထိ လုပ်လို့ရနေတာ... သူ့မှာ ငါတို့မောင်နှမတွေကို ချုပ်ကိုင်နိုင်တဲ့အရာတွေအများကြီးရှိတယ်သွေး"

Company ကို ပြန်ရောက်ပြီးနောက် ခေတ်သွေး မမြတ်ကေသီအခန်းထဲတွင် ဝင်နားရင်း စကားပြောနေခြင်းဖြစ်သည်။

"အမေဆုံးတာတောင် တခါလာမကြည့်တဲ့သူကို ကျွန်တော်အဖေအဖြစ် မသတ်မှတ်တာကြာပြီအမ... "

"သွေး... ယွန်းလှက မင်းရဲ့ အားနည်းချက်ဖြစ်လာလိမ့်မယ်နော်... သူက ဘယ်သူမှ ညှာတာနေမှာမဟုတ်ဘူး... "

"ကျွန်တော် ယွန်းကို တခါထားသွားဖူးပြီးပြီအမ အဲ့ဒိအချိန်တုန်းက အမေ့ကိုကာကွယ်ပေးနေရအချိန် သူ့ကို ကျွန်တော် မကာကွယ်နိုင်လို့ ကျွန်တော် ထားသွားရတာ... ဒါပေမယ့် အခု ကျွန်တော် သူက လွဲပြီး ဆုံးရှုံးစရာမရှိတော့ဘူး... ဘယ်နည်းနဲ့ဖြစ်ဖြစ် သူ့ကိုကျွန်တော်ရအောင် ပြန်ယူမှာအမ"

"ကျွန်တော်သွားပြီ...."

ယွန်းလှသည် ဆယ်တန်း နှစ်ဝက်အကျော်တွင်တော့ ခေတ်သွေးထံမှ အဆက်အသွယ်တခုတော့ ရခဲ့ပါသည်။ သူတို့ရပ်ကွက်နှင့် ခပ်လှမ်းလှမ်းတွင် ခေတ်သွေးတို့ သူငယ်ချင်းတွေ စုနေကြသည့် အခန်းတစ်ခန်းရှိလေသည်။ သူမဆီသို့ လူကြုံနှင့် ထိုအခန်းသို့ လာခိုင်းသည့်စာကို သူမလက်ခံရရှိခဲ့သည်။

သူမ တိုက်ခန်းသို့ရောက်ရှိချိန်တွင်တော့ တံခါးခေါက်ရမည်လော ပြန်သင့်မပြန်သင့် တွေဝေနခိုက်တွင် အခန်းတံခါးပွင့်လာကာ သူမလက်ကိုဆောင့်ဆွဲခြင်း ခံလိုက်ရလေသည်။

ထို့နောက် မွန်းကျပ်သည့် အနမ်းများအောက်တွင်.....

ယွန်းလှ၏ လက်များသည် ခေတ်သွေး၏ ရင်ဘက်ကို အချက်များဆက်တိုက် စိတ်လာပြီးနောက် အတန်ကြာတွင် ခေတ်သွေး၏ နှုတ်ခမ်းများသည် သူမနှုတ်ခမ်းများနှင့် ခွာသွားလေသည်။

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Место, где живут истории. Откройте их для себя