အပိုင်း (၇၆)

1.5K 60 5
                                    

"ယွန်း ကို့ကို ခွင့်လွှတ်ပြီးသားပါ..." တီးတိုးရေရွတ်သံလေးနှင့်အတူ ယွန်းလှ၏ပါးပြင်ထက်တွင် ပူနွေးသည့် မျက်ရည်စီးကြောင်းတစ်ခု စီးဆင်းလာခဲ့လေသည်...

သူမကို အဝေးသို့ပို့ပြီး နောက်က ဂရုစိုက်နေသည့် အကြောင်းရင်းများစွာကို သူမသတိမထားမိဘဲ မနေခဲ့ပါ... အတိတ်မေ့နေစဉ်က သိပ်ဂရုမစိုက်ခဲ့မိပေမယ့် နောက်ပိုင်းတွင်တော့ သူမ အခက်အခဲကြုံတိုင်း အလွယ်တကူ ဖြေရှင်းလို့ရသွားခြင်းများသည် သွေးရိုးသားရိုးမဟုတ်မှန်း သူမ ရိပ်မိခဲ့လေသည်... ဒါ့အပြင် ခေတ်သွေး၏ ခေါင်းမာပုံနှင့် သူ့ခြေထောက်ကို သူမကြောင့်မှလွဲလျှင် ပြန်မကုမည်ကိုလည်း သူမသဘောပေါက်ခဲ့သည်....ဒါ့ကြောင့် ယခု project ကို မဖြစ်မနေ သူမလိုက်လို့ရအောင် စီစဉ်ခဲ့ခြင်းပင်... သူမ အားနည်းနေခဲ့သည့်တိုင်ပေါ့... အနည်းဆုံးတော့ သူ့ကို လူကောင်းပကတိဖြင့် သူမမြင်ချင်သေးသည်...


"တီ...."

"မင်းထက်...."

"အင်းပြော..."

"ငါ ဒီခရီးက ပြန်လာတာနဲ့ ဘန်ကောက်က ဆေးရုံမှာ ရက်ချိန်းယူပေး..."

"ဘာလဲဟ ချက်ချင်းကြီး...."

ခေတ်သွေးဘက်က အနည်းငယ် တိတ်ဆိတ်သွားလေသည်... အနည်းငယ်ကြာတော့ မင်းထက်သာကပင် အံသြသံဖြင့်...

"တကယ်ကြီးလား...."

"အင်း...."

"ပြီးမှ မင်းစိတ်ပြောင်းလို့မရဘူးနော်... ငါပါရဂူကြီးတွေနဲ့ ချိန်းပေးရတာ မျက်နှာပျက်တယ်..."

"အင်း...."

ထို့နောက် ခေတ်သွေးဘက်ကပင် ဖုန်းချသွားလေသည်...

တဖက်မှ မင်းထက်သာကတော့ ပျော်လို့ပင် ခုန်ဆွခုန်ဆွဖြစ်နေလေသည်... ဒီကောင်ကို ကုဖို့ ဘယ်လောက် အာပေါက်အောင် ပြောထားရသနည်း... 

"ဒါနဲ့ နေပါအုံး... ဘယ်လိုဖြစ်လို့ ချက်ချင်းကြီးတွေကုချင်နေရတာလဲ...."

မင်းထက်သာသည် ခုန်ပေါက်နေရာမှ ရပ်လိုက်ကာ ခေတ်သွေးဘာကြောင့် ချက်ချင်းကုချင်ရသည်ကို သိချင်လာရာ.... ထို့နောက် ဖုန်းတစ်ကောကို ဆက်လိုက်လေသည်...

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now