အပိုင်း(၆)

2.5K 99 2
                                    

ယွန်းလှ ပထမဆုံး ကျောင်းတက်ရက်မှာ ဝါဝါနဲ့ အိနြာဦးတို့နဲ့ သူငယ်ချင်းဖြစ်ခဲ့သည်။ ယွန်းလှအမေ၏ ထုံးစံအတိုင်း ကျုရှင်ကို အတန်းပိုင်နဲ့မှ ဝိုင်းတက်ရပြီး ဝါဝါနဲ့ အိနြာဦး တို့ နှစ်ယောက်နှင့် ယွန်းလှအပါအဝင်(၃)ယောက်ဖြစ်သည်။
အတန်းပိုင်နဲ့ သီးသန့်သင်သည်ဟူ၍ ကျောင်းစတက်သည့်နေ့မှစ၍ အပေါင်းအသင်းရှားခဲ့သည်။ သူမရဲ့ သူငယ်ချင်းကအသစ်တွေဖြစ်သည့် ဝါဝါနှင့် အိနြာဦးတို့ကတော့ တဝမ်းကွဲ ညီအမများပင်ဖြစ်သည်။
ကျောင်းတက်သည့် (၅) ရက်မြောက်နေ့
သူမခုံပေါ်မှာ ရည်းစားစာ တစ်စောင်ရောက်နေခဲ့သည်။ ရေးသူက စည်သူဆိုသည့် နံမည််နှင့် သူမကို ငယ်လေးဟုလည်း ခေါ်သေးသည်။ သူမထက်လည်း အသက်ကြီးမည့်ပုံပင်။" ပြတင်းပေါက်မှ ခေါင်းလေးစောင်းငဲ့ကြည့်ပါအုံး" ဟု စာထဲတွင်ပါသည့်အတိုင်း သူမ တချက်စောင်းငဲ့ကြည့်လိုက်မိသည်။

"ဟေ့ကောင် မင်းပေါ်လာသေးတယ်နော်"
ထုံးစံအတိုင်း ကျောင်းနောက်ကျတတ်သည့်သူနှင့် ကျောင်းသားအိမ်သာဘေးမှာ ဆေးလိပ်ခိုးသောက်နေသည့် စည်သူတို့နှင့်တိုးကာ စည်သူမှပြောလိုက်သော စကားဖြစ်သည်။
"ငါ ကိစ္စလေး တစ်ခုရှင်းနေလို့"
"အေး... မင်းကိစ္စရှင်းတာက အရေးမကြီးဘူး ဒီမှာစည်သူက အတည်ကြီးဖြစ်နေတာကွ"
"ဘာကိစ္စလဲဆို"
"ဒီလိုကွာ ငါ8 တန်းအေက ဒီနှစ်မှ ကျောင်းပြောင်းလာတဲ့ တစ်ယောက်ကို ကြိုက်နေလို့ကွ"
"မင်း ဟာကလည်း ကလေး မုန့်ပေးကြိုက်ကြီးကွာ"
အဲ့ဒိနေ့က ပြောမိလိုက်တဲ့စကားဟာ ခေတ်သွေးအတွက်ဖြစ်သွားခဲ့သည်ကိုတော့ စည်သူနှင့် ညီညီတို့ ထင်ထားခဲ့လိမ့်မည်မထင်။

"အစကတော့ မင်းလာတဲ့အထိ စောင့်မလိုပဲ... မင်းက ဘယ်အချိန်ပေါ်တော်မူမလဲ မသေချာတော့ ငါဒီနေ့ သူ့ခုံပေါ် ရည်းစားစာ သွားတင်ထားလိုက်ပြီ"
"လာ လိုက်ခဲ့ ငါ့ရဲ့ မဒီလေးကို ပြမယ်"
"ကြည့်ရချည်သေးရဲ့ကွာ ဟားဟားး"

ဟုတ်ပါတယ်။ သူ သူ ။ ပြတင်းပေါက်ပေါ်မှာ တွေ့တဲ့တစ်ယောက်။ သူငါ့ကို ဒီစာပေးတာလား။ သူ့ဘေးက နှစ်ယောက်တည်းက ပေးတာလား။ သူ့ဘေးက နှစ်ယောက်ထဲက ပေးရအောင်လည်း ငါနဲ့တစ်ခါမှ တွေ့ဖူးတာမဟုတ်ဘူး။ ဟိုတစ်ယောက်ပုံစံကြည့်ရတာလည်း ဂျစ်ကန်ကန်နဲ့ဆိုတော့ ဒီလိုအနုအရွတွေ ရေးပေးမှာမဟုတ်လောက်ဘူး။

"ဟဲ့ ယွန်းလှ ... ဘာစာကြီးလဲ"
ယွန်းလှတစ်ယောက် စာရွက်ကြီးကိုင်ပြီးကြောင်နေတုန်း
ဝါဝါ့ဆီက အသံကြားမှ အသိဝင်လာခဲ့သည်။ ပြတင်းပေါက်ကို ထပ်မံကြည့်လိုက်တော့ ဟိုတစ်ယောက်ကလွဲရင် ကျန်တဲ့ ၂ ယောက်က ရှိနေသေးသည်။
" ဝိုး ရည်းစား စာကြီးဟ .... 10 တန်းက အကိုကြီးပေးတာဟဲ့ ဝါဝါ လာကြည့် လာကြည့်"
အရေးထဲ အိနြာက စာရွက်ကြီး ယူပြီးပြေးသွားတော့ ယွန်းလှ လိုက်လုရသေးသည်။ မသကာ ဟိုတစ်ယောက်ပေးတဲ့စာဆိုရင် ဘယ့်နှယ်လုပ်မတုန်း။

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now