အပိုင်း(၂၀)

1.9K 81 0
                                    

"ယွန်းရေလာ ငါတို့လမ်းထဲမှာ လသာနေတယ် ထုတ်စီးတိုးတမ်း ကစားရအောင်"

"ဖြစ်ပါ့မလား ယောကျာ်းလေးတွေလည်းပါမှာ"

"ဖြစ်ပါတယ် လာပါ ပျော်ဖို့ကောင်းတယ်"

လမ်းထဲမှ သူငယ်ချင်းတွေ လာခေါ်တာနဲ့ ယွန်းလှလည်း ထွက်လာခဲ့လိုက်သည်။ အစောကြီးကတည်းက ကစားမယ့်သူတွေထဲမှာ သူရောက်နေတာကို ယွန်းလှတွေ့နေတာကြောင့်ဆိုလည်း မမှားပေ။

"ဟေ့ ယွန်းလည်း ပါမယ်တဲ့ ငါတို့ ယောကျာ်းလေးတစ်ဖွဲ့ မိန်းကလေးတစ်ဖွဲ့ အရင်ဆော့မယ်"

"ငါတို့ ယောကျာ်းလေး မိန်းကလေး မျှဖွဲ့ပြီး ထုတ်ကြမ်းတိုးရင်ကော မကောင်းဘူးလား"

"ထုတ်ကြမ်းတိုးမယ်ဆိုတာက ဘယ်လိုမျိုးလဲဟင်"

"ဒီလို ယွန်းရဲ့ ပုံမှန် ထုတ်စီးထိုးရင် အသားထိတာနဲ့ အဲ့လူထွက်ရတယ်မလား"

"ထုတ်ကြမ်းကျတော့ အသားထိလည်း မိအောင်ဆွဲထားရတယ် ပြေးတဲ့သူက ရုန်းခွင့်ရှိတယ် တစ်မိနစ်အတွင်း မရုန်းနိုင်ရင် အဲ့လူ out ပဲ"

ယွန်းလှရှင်းပြတာကို နားထောင်ပြီး ကျန်တဲ့သူတွေဘက် ပြန်လှည့်လိုက်တော့ တချို့ ယောကျာ်းလေးတွေက သူတို့အကျီကို ချွတ်နေလေသည်။

"နဒီ အဲဒါဘာလုပ်ကြတာလဲဟင်"

"ဟဲ့ ဟဲ့ နင်တို့အဲ့လို အကျင့်မယုတ်နဲ့နော် နင်တို့ အဲ့လိုချွတ်ထားတော့ ငါတို့က ဘာသွားဆွဲမလဲ"

ယွန်းလှကိုရှင်းပြသော နဒီဆိုသည့် ကောင်မလေးသည် ပြောလည်းပြော ယောကျာ်းလေးတွေဆီကိုလည်း ပြေးသွားကာ လိုက်ရိုက်တော့သည်။

"ဟဟ နင်တို့ဆွဲစရာ မရှိရင် ငါတို့ကိုဖတ်ထားပေါ့"

"သေနာတွေ"

ယွန်းလှ သူတို့ကိုကြည့်ရင်း ကစားမယ့်သူတွေကို ဝေ့ကြည့်လိုက်တော့ ထိုထဲတွင် စည်သူပါ ပါသည်ကို တွေ့လိုက်သည်။ တစ်ယောက်သောသူကတော့ အကျီလည်း မူလအတိုင်း ဝတ်ထားကာ ထုတ်စီးထိုးမည့် စည်းကိုပဲ ကြည့်နေလေသည်။

လူခွဲကျတော့ ယွန်းလှ ခေတ်သွေးနဲ့ တစ်ဖွဲ့တည်းကျလေသည်။ စည်သူကတော့ ဖမ်းမည့်အဖွဲ့နဲ့ကျလေသည်။

"ငါ့အနောက်မှာပဲနေ"

ပွဲစတာနဲ့ ခေတ်သွေးက သူမကို သူ့အနောက်မှာပဲ ထားလေသည်။

စည်သူနဲ့ ထိပ်တိုက်တွေ့ချိန်မှာ ခေတ်သွေးက အမိခံပြီး ရုန်းကာ ယွန်းလှကို ပြေးစေခဲ့သည်။ ထို့ကြောင့် သူ့အကျီအဖြဲခံလိုက်ရသော်လည်း သူပါလိုက်ပြေးနိုင်ခဲ့၍ ထိုအလှည့်တွင် ယွန်းလှတို့နိုင်ခဲ့လေသည်။ နောက်တစ်လှည့် ယွန်းလှတို့ ဖမ်းရသည့် အခါတွင်လည်း ခေတ်သွေးရဲ့ အကျီမပါတဲ့ ခန္ဓာကိုယ်ကို ကောင်မလေးတွေ မရုန်းနိုင်သောကြောင့် သူမတို့ပင် ထပ်နိုင်ခဲ့လေသည်။

ခေတ်သွေးနဲ့ တစ်ဖွဲ့တည်းကျလျှင် ဘာမဆို အကုန်နိုင်သည်ဟူသော စကားကို သူမယုံသွားလေသည်။

နောက်တစ်လှည့်လူအပြောင်းတွင်တော့ စည်သူ့ကို သူ့အိမ်ကခေါ်၍ ပြန်သွားသော်လည်း ခေတ်သွေးကတော့ နေခဲ့လေသည်။ ထိုအလှည့်တွင်တော့ သူတို့နှစ်ယောက် တစ်ဖွဲ့တည်း မကျတော့ပေ။

သူမတို့ စတင် စည်းထိုးရာတွင် နဒီက ဦးဆောင်၍သွားလေသည်။ ခေတ်သွေးက အလယ်စည်းကို ယူထားသည်ဖြစ်ရာ သူက အလယ်မှနေ၍ အကုန်လိုက်ဖမ်း၍ ရလေသည်။ အဲ့ဒိစည်းတွင် ယွန်းလှ နှင့် နဒီ နှစ်ယောက်ရှိကာ နဒီက သူရုန်းမည်ဟု အချက်ပြ၍ ယွန်းလှကို ကာပြေးခိုင်းလေသည်။

သူမတို့ နှစ်ယောက်တည်းက တစ်ယောက်လွတ်မှ နောက်ကတစ်ယောက်က ထပ်တက်နိုင်မည်ဖြစ်သည်။

သို့ဖြစ်၍ နဒီသည် ရုန်းမည်ဟု ရည်ရွယ်ကာ ခေတ်သွေးထံ အဖမ်းခံလိုက်သော်လည်း ခေတ်သွေးက သူမကိုရှောင်၍ လွတ်ခွင့်ပေးလိုက်လေသည်။

ယွန်းလှသည်လည်း နဒီ့ကို ဖမ်းမည်အထင်နှင့် အတင်းဝင်ပြေးရာ ခေတ်သွေးလက်ထဲ တန်းမိလေသည်။ ပွဲအများကြီး ကစားထားသည်ဖြစ်ရာ ခေတ်သွေးဆီမှ ချွေးများနှင့် သူမ ရုန်းလေ ချောလေဖြစ်ရာ နောက်ဆုံး သူမ အရှုံးပေးလိုက်ရလေသည်။

သ်ု့သော် ပွဲတိုင်းနိုင်ပါသည်ဟူသော် ခေတ်သွေးက သူမကို အဖမ်းကောင်း၍ နောက်လူများ လွတ်သွားသည်နှင့် သူမတို့ အဖွဲ့ပင် ထပ်နိုင်သွားလေတော့သည်

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်حيث تعيش القصص. اكتشف الآن