"ဆရာမလေးရေ ရန်ကုန်က ဧည့်သည်တဲ့..."
ရွာထဲမှ ကလေးမတစ်ယောက်၏ အော်သံနှင့်အတူ နောက်ဖေးတွင် အလုပ်ရှုပ်နေသည့် ယွန်းလှနွယ်တစ်ယောက် ယောင်းမကြီး ကိုင်လက်စနှင့် ထွက်လာလေသည်... သူမအိမ််ရှေ့တွင် ရပ်စောင့်နေသည့် ထိုသူသည် သူမမြောက်ဝင်ရိုးစွန်းသို့ ထွက်ပြေးသွားသည့်တိုင် ရအောင်လိုက်လာမည့်သူပင်....
"ဘယ်လိုလဲ ထွက်ပြေးလို့ဝပြီလား... ကိုယ့်မိန်းမ..."
မထိတထိပြုံးကာ ပြောလိုက်သည့် ထိုလူသားအား သူမနီးတူ ရွာထဲမှ လိုက်ပို့ကြသည့် ကလေးမလေးများပင်ငေးကနဲဖြစ်သွားကြသည်... သို့သော် ယွန်းလှနွယ်က သူမမျက်နှာကိုပြန်တည်ကာ
"ခဏစောင့်အုံး... ထမင်းအိုးတည်လက်စကြီးထွက်လာတာ..."
ရှက်ရှက်နဲ့ ယောင်းမကိုင်ကာ ပြန်ဝင်သွားသည့် သူတို့မမလေးအား ပြုံးပြီးကြည့်နေသည့် ခေတ်သွေးကို နောက်မှ ရှိသမျှ အထုတ်နှစ်ယောက်တည်း အကုန်ဆွဲလာရသည့် ပျံလွှားနဲ့ Jack တို့ကတော့ မတိုင်ပင်ဘဲ ပြိုင်တူ ခေါင်းခါလိုက်ကြလေသည်...
"အကိုလေး ကျွန်တော်တို့ ဒါတွေ ဘယ်နားထားရမလဲ..."
ခေတ်သွေး၏ ယွန်းလှနွယ်အား ကြည့်ကာ ပြုံးနေရာမှ ဘာလို့သူ့ကို လာမေးနေရသလဲဟူသည့် အကြည့်ကို ခံလိုက်ရသည့် ပျံလွှားသည်တော့ ဘက်လိုက်သည့် မိုးနတ်မင်းကို ပင် အပြစ်တင်ချင်ချင်ဖြစ်သွားသည်...
Jack ကတော့ သူ့လက်ထဲက အထုတ်မှန်သမျှကို အိမ်ရှေ့တွင် စုပုံချလိုက်လေသည်.. ခေတ်သွေးသည် ထိုရွာမှ လိုအပ်သည်များကို သူတို့အား အကုန်ဝယ်ခိုင်းကာ သယ်ပိုးလာခိုင်းချင်ပင်ဖြစ်သည်... သွားဝယ်ရသည်ကလည်းသူတို့... သယ်လာရတာလည်း သူတို့... ပြီးရင် မမလေးအား မျက်နှာလုပ်မည့်သူက သူတို့အကိုလေးပင်....
သူတို့အထုပ်ချပြီးသည်နှင့် ခေတ်သွေးက အိမ်ထဲသို့ လိုက်ဝင်သွားလေသည်... ခေတ်သွေး အိမ်ထဲဝင်သွားသည့်တိုင် သူ၏ ကျောပြင်အား လိုက်ငေးနေကြသည့် ကလေးမလေးများကိုတော့ ပျံလွှားနှင့် Jack က အရှေ့မှနေ၍ ပြန်လွှတ်ရတော့သည်...
![](https://img.wattpad.com/cover/226797136-288-k480968.jpg)