"ဒါပေမယ့် ဦးဒီတစ်ခေါက်တော့ ခေတ်သွေးနဲ့ လက်တွဲဖြစ်မယ့်ကွဲ့..."
"ဗျာ...."
သက်ပိုင်သည် Tsubaki စပြီး ပြောသည့်အချိန်တွင် သူ့ကို ရွေးချယ်လိုက်သည်ဟု ထင်ခဲ့သည်... သို့သော် Tsubaki ရွေးချယ်ခဲ့သူမှာ ခေတ်သွေးဖြစ်လေသည်.... သူသည် Okura ပေးသည့် အချက်အလက်အတိုင်း လိုလေးသေးမရှိ ပြင်ဆင်ခဲ့ပါသော်လည်း... အဘယ်ကြောင့်နည်း...
"အင်း မင်းတင်ပြတဲ့ အချက်အလက်တွေက ဦးလိုချင်နေတာတွေနဲ့ ကွက်တိပါပဲ... ဒါပေမယ့် ကွက်တိ ကျပြီး အသစ်အဆန်းပိုမထွက်လာဘူး... ခေတ်သွေးရဲ့ စျေးကွက်အမြင်က တကယ်ဆန်းသစ်တယ်... ဒါ့ကြောင့် ဒီတစ်ခေါက်တော့ ဦးခေတ်သွေးရဲ့ Project ကို ပိုသဘောကျမိတယ်..."
"ဟုတ်ကဲ့ ဦး ကျွန်တော်ပိုကြိုးစားပါမယ်..."
"အေး.. အေး ကောင်းပြီကွဲ့... ခေတ်သွေး ဦးနဲ့ လက်တွဲလုပ်ဖို့ ကြိုဆိုတယ်နေ့ာ..."
"ဟုတ်ကဲ့ ကျွန်တော့ကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်..."
ထို့နောက် သူတို့ကို ညစာစားဖို့ Tsubaki က ဂျပန်နံမည်ကြီး စားသောက်ဆိုင်ကို ခေါ်သွားလေသည်...သို့သော် ထိုစားပွဲတွင် Okura သည် ကိစ္စရှိသေးသည်ဟုဆိုကာ ထွက်သွားလေသည် ...
ဦး Tsubaki လည်း အရေးတကြီးဖုန်းဝင်လာ၍ပြန်သွားချိန်တွင်သူနှင့် သက်ပိုင်သာ ကျန်ခဲ့လေသည်...
"ဘယ်လိုလဲ မင်းနိုင်မယ်ထင်နေတာလား..."
"မင်းဘယ်လိုလုပ် သာသွားလဲမသိပေမယ့် ကြက်ကန်းဆန်အိုးတိုးသွားတယ်ပဲ မြင်မိတယ်..."
"ဟက် ကြက်ကန်းဆန်အိုးတိုးတယ်ဆိုရင် နှစ်အနည်းငယ်အတွင်း ငါမင်းကို ဘယ်ဖြုတ်နိုင်မလဲ... အခုမင်းအဖေတည်ထောင်ထားတဲ့ group က မင်းလက်ထပ်မှာ ယဲ့ယဲ့ပဲ ကျန်တော့တယ်နော် ဘယ်လိုလဲ မင်းအဖေကော နေကောင်းလား..."
"ငါ့အဖေကိစ္စကို မင်းစိတ်ပူပေးစရာမလိုပါဘူး...မင်းကိုယ်မင်း ပိုစိတ်ပူသင့်တယ်... Okura San က မင်းနဲ့ ယွန်းလှကို ဒီတိုင်း လွှတ်ပေးမယ်ထင်နေလား..."
"မင်း ဘာဆိုလိုတာလဲ..."
"ဒီပွဲမှာ ငါနိုင်ဖို့ Okura San ဘက်က လိုချင်တဲ့ Information အတိအကျကို ငါ့ကိုလာပေးထားပြီးသား... ဒါပေမယ့် မင်းက နိုင်သွားတော့ မင်းနဲ့ ယွန်းကို သူက နီးစပ်ခွင့်ပေးမယ်ထင်နေလား..."