"ရှင့်ဖုန်းနံပတ်ရပီ... ကျွန်မဖုန်းဆက်လိုက်မယ်... ဖုန်းကိုင်နော် မဟုတ်ရင် မမြတ်ကိုမေးပြီး ရှင့်အိမ််ထိ လိုက်လာမှာ..."
"မင်း...."
ခေတ်သွေးသည် ဝှီးချဲပေါ်ကနေ သူ့ဖုန်းကို မကာကွယ်နိုင်လိုက်ချေ... သူမလေးကတော့ ကားပေါ်တက်ကာ ထွက်သွားလေပြီ... ခေတ်သွေးတစ်ယောက် ဘယ်ဒေသရောက်သွားမှန်မသိတဲ့ ပျံလွှားကိုပဲ စိတ်ထဲက ကျိန်ဆဲနေလိုက်တော့သည်... ခဏကြာတော့ ကိုယ်တော်ချောက ခေါင်းတကုတ်ကုတ်နှင့် ကုတ်ချောင်းချောင်းရောက်လာလေသည်...
"ဟီး... ပြီးသွားပြီလားအကိုလေး..."
"မင်းအမေကဖြင့် ပြန်သွားတာကြာပြီ...."
"ဟာ အကိုလေးကိုတော့ အဖေ မတော်နိုင်ပါဘူးဗျာ..."
"ငါ...."
သူဘာမှ မဆဲလိုက်နိုင်ခင် ပျံလွှားမှ နောက်မှနေ၍ ဝှီးချဲကိုတွန်း၍ ကားပေါ်သို့သူ့ကို တွန်းတင်လေတော့သည်...
ယွန်းလှ အိမ်ပြန်လာသည့် လမ်းတစ်လျှောက်တွင် သူမလုပ်ခဲ့သည့်အပြုအမူကို သူမဘာသာ အံ့သြနေလေသည်... သူမကိုယ့်ကိုကို မသိလိုက်ခင်မှာပင် ခေတ်သွေးဖုန်းနံပတ်ကို ယူပြီးသားဖြစ်နေလေသည်... အခုမှ ရှက်နေ၍လည်းမထူးတော့ချေ... ဘာပဲဖြစ်ဖြစ် နောက် ၂ ရက်လောက်နေရင်တော့ ကားကိစ္စလှမ်းမေးရပေမည်...
"Morning...."
"Morning... မမ .... ရတီတို့ကို ကလောက Hotel တစ်ခုက appointment တောင်းလာတယ်မမ..."
"ဟုတ်လား ဆိုစမ်းပါအုံး..."
"သူတို့ Hotel ကို ပြန်ပြီး decoration လုပ်ချင်လို့မမ အဲဒါ ရတီတို့ page က တင်ထားတဲ့ decoration ပုံစံတွေကို သဘောကျပြီး လှမ်းဆက်သွယ်တာ..."
"That's good news... Ok သူတို့က ဘယ်တော့ချိန်းတာလဲ...."
"နောက်အပတ်ထဲမှာပဲမမ..."
"အင်း အဲဒါဆို ရတီ အမ schedule ကို တချက်ချိန်ပြီး သွားမယ့်ရက်ယူထားလိုက်နော်...ပြီးရင်အမကိုပြန်ပြောပေး..."
"ဟုတ်မမ..."
ထို့နောက်တွင်တော့ ယွန်းလှသည် ခရီးထွက်ဖို့အတွက် ရှိသမျှအလုပ်တွေကို အပြီးဖြတ်နေရသည်နှင့် ခေတ်သွေးဆီ ဖုန်းဆက်ဖို့ကို မေ့လျော့သွားလေတော့သည်...တဖက်တွင်တော့ "ဖုန်းဆက်လိုက်မယ်" ဆိုသော စကားကြောင့် တိတ်တခိုးဖုန်းမျှော်နေသည့် သူတစ်ယောက်တော့ ရှိနေခဲ့လေသည်....
![](https://img.wattpad.com/cover/226797136-288-k480968.jpg)