အပိုင်း(၁၁)

2.2K 97 2
                                    

"ကို့..... ကို ယွန်းခေါ်နေတယ်လေ"

"ဪ အင်း sorry ဒီမှာ ယွန်းသောက်ဖို့ ကို bubble tea ဝင်ဝယ်လာတယ်"

"အင်း ကို ဘာတွေငေးနေတာလဲ"

ကို ခေတ်သွေးကို ကြည့်နေမှန်း ယွန်းလှသိပေမယ့် မသိချင်ယောင်ဆောင်ကာ မေးလိုက်မိသည်။

"omm ဆိုင်က ဝတ်စုံလေးတွေလှလို့ပါ"

"ဘာလဲ ယွန်းထက် ဆိုင်က ဝတ်စုံတွေက ပိုလှနေတယ်ပေါ့"

"ဟဟ ငရစ်မလေး ပြန်ပေါ်လာပြီဟေ့"

"ဟွန့် ယွန်းကိုမှ အာရုံမရောက်တာ ရစ်မှာပဲ"

"ဟုတ်ပါပီ ယွန်းဒီအရောင်ဝတ်ဖို့လား"

"အင်း အဓိက ရွေးရမှာ ခေတ်သွေးလေ ယွန်းက အဆင်ပြေတာပဲ ကောက်ဝတ်ရွေးလိုက်တာ အဆင်မပြေလို့လား"

"မဟုတ်ပါဘူး ကို့ယွန်းလေးက ဘာဝတ်ဝတ်လှပြီးသား"

"အမလေး ပိုတတ်နေပြန်ပြီ ယွန်းသွားတော့မယ်နော် သူ့ကို မိတ်ကပ်ဆရာဆီ ပြန်ပို့ပေးရအုံးမှာမို့"

"ဟုတ်ပါပြီခဗျာ ပွဲရောက်ရင် ကို့ကို စာပို့ထားအုံးနော်"

"အင်း အဲဒါဆို ယွန်းသွားပြီနော်  bye"

ယွန်းလှ ကို့ပါးကို အသာလှမ်းနမ်းကာ ဆိုင်ထဲသို့ ပြန်ဝင်လာလိုက်သည်။ ခေတ်သွေးတစ်ယောက်ကတော့ လာတုန်းက ဝတ်စုံကို ပြန်လဲထားပြီးဖြစ်ကာ သူဝတ်မယ့်အဝတ်ကိုလည်း တခါတည်း ထုတ်ခိုင်းနေပြီ။ သူတောင် ရွေးပြီးနေမှတော့ ယွန်းလှလည်း ဒါပဲ ဝတ်ဖို့ကြံကာ အဝတ်လဲခန်းသို့ ထွက်လာခဲ့လေသည်။ ခေတ်သွေးတစ်ယောက် ဘယ်ဝတ်စုံကို ရွေးထားလည်းတော့ သူမ မကြည့်မိလိုက်ပေ။

မိတ်ကပ်ပြင်ဖို့က ပွဲလုပ်မယ့် ဟိုတယ်မှာပဲ အမမြက အခန်းတွေဌားပေးထားတဲ့အတွက် အဲ့ကိုပဲ ယွန်းလှ တန်းမောင်းသွားလိုက်သည်။ သူမတို့ ရောက်ပြီးမကြာမှီ ညီလတ်တို့လည်း ရောက်လာကြသည်။ ညီလတ်ကတော့ သူ့ကို လူချိန်းလိုက်၍ မမြကို မကျေနပ်ကြောင်း သူမနား တီတိုးလာပြောသွားသေးသည်။

"ဟယ် ယွန်းနဲ့သွေးတို့က စုံတွဲပွဲတက်ဝတ်စုံနဲ့ပါလား"

မိတ်ကပ်ဆရာမရဲ့ စကားကြောင့်  အခန်းထဲဝင်လာသော ခေတ်သွေးကို သူမလှမ်းကြည့်လိုက်သည်။ သူမနဲ့အရောင်ဆင်တူ သူနောက်ဆုံးဝတ်ထားသော ဝတ်စုံကိုပင် ရွေးထားသည်ဖြစ်ရာ သူမ အတော်ပင်စိတ်ညစ်သွားရသည်။ ဒီပုံစံအတိုင်းဆို တက်သစ်စမင်းသားနှင့် သူ၏မန်နေဂျာမဆိုပြီး နံမည်ကြီးတော့မည်မဟုတ်ပါလား။

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now