နောက်တစ်နေ့ မနက် ယွန်းလှနွယ် မနက်စာ စားဖို့ထွက်လာချိန်တွင်တော့ သူမ အခန်းရှေ့တွင်ပျံလွှားက စောင့်နေလေသည်...
"ကိုပျံလွှား ဘာကိစ္စရှိလို့လဲ..."
"အကိုလေးက ခေါ်ခိုင်းလိုက်လို့ပါ..."
"ကျွန်မကို ဖုန်းဆက်လိုက်ရင်ရတယ်လေ..."
"ဟို အကိုလေးက မမ... အဲ မယွန်းလှနွယ် အိပ်တာအနှောက်အယှက်ဖြစ်မှာစိုးလို့ပါ..."
"အဲဒါဆို စောင့်နေရတာ ကြာပြီလား..."
"မကြာသေးပါဘူးခဗျ... ဒီဘက်ကို ကြွပါခဗျ..."
ပျံလွှားခေါ်ဆောင်ရာနေရာသည် ကန်ရေပြင်ကိုကြည့်ပြီး သီးသန့်မနက်စာစားရသည့်နေရာမျိုးဖြစ်လေသည်...နေရောင်ခြည်ဖြာကျနေသည့် ကန်အလှသည် အလွန်ပင် လှလေသည်...
ခေတ်သွေးက ရောက်နှင့်နေပြီဖြစ်ရာ ကော်ဖီတစ်ခွက်သောက်ထားပုံရသည်...
"ကျွန်မကိုခေါ်တယ်ဆိုလို့..."
"ထိုင်..."
ထိုမျှသာ ပြောသာ ပျံလွှားကို တစ်စုံတစ်ခုယူလာရန် ခေါင်းညိတ်ပြလိုက်သည်...
ယွန်းလှထိုင်ပြီးနောက်တွင်တော့ ပျံလွှားသည် ပူပူနွေးနွေး မုန့်ဟင်းခါးတစ်ပွဲကို ယူဆောင်လာလေသည်...
"ကျွန်မ မုန့်ဟင်းခါးစားမယ်လို့ပြောမိလို့လား..."
"ဒါပဲရှိတယ် အဲဒါပဲစား..."
ဒီဟိုတယ်ကြီး တစ်ခုလုံးမှာ မုန့်ဟင်းခါးပဲရှိတယ်ဆိုတာ ကလေးသွားပြောရင်တောင် ယုံမယ်မထင်... သူမရှေ့မှ မုန့်ဟင်းခါးသည် သူမကြိုက်လှသည့် ရွေဉမုန့်ဟင်းခါးကို အိုးဘဲဉနှင့် ပျစ်ပျစ်လေးကိုမှ နံနံပင်မထည့်၊ ဆီချက်မထည့်ဘဲ ယူလာခြင်းဖြစ်ပေသည်....
"ဆီချက်တွေ၊ နံနံပင်တွေလည်းမပါဘူး..."
"မင်းမစားဘူးထင်လို့ မထည့်ခိုင်းလိုက်တာ..."
"နေပါအုံး ရှင်က ကျွန်မ အုပ်ထိန်းသူလား... အကုန်လိုက်စီမံနေရအောင်...."
သူသည်သူမကို စကားမပြောတော့ဘဲ လက်ထဲမှ ကိုင်ထားသည့် Ipad ကိုပဲ ပြန်ကြည့်နေလေသည်...
![](https://img.wattpad.com/cover/226797136-288-k480968.jpg)