သူထွက်သွားသည့်နေ့တွင် မမြတ်ကေသီသည် သူမဆီအလည်လာခဲ့သည်...
"ယွန်း... ခေတ်သွေးနဲ့ ကိစ္စအမ သိပြီးပြီ... သူနဲ့ အကိုကြီးနဲ့ ဘာတွေလုပ်နေလဲ အမ မသိပေမယ့် သူတို့လုပ်နေတာတွေက အစီအစဉ်ရှိမယ်လို့တော့ အမထင်တယ်..."
မမြတ်ကေသီသည် ယွန်းလှ၏ လက်များအား ဆုပ်ကိုင်ကာ ပြောလာခဲ့သည်...
"အမ ယွန်းကို အပြင်ထွက်လို့ရအောင် ကူညီပေးနိုင်လား...?
"ယွန်း ခေတ်သွေးလူတွေက အမပြောလို့မရဘူး... ယွန်းပျင်းရင် အမ ညီလတ်တို့ကို ခေါ်လာခဲ့ပေးမယ်လေ..."
"ဟင့်အင်း... ယွန်းရဲ့ ဒီလိုပုံစံကို သူတို့ကို မသိစေချင်ဘူး...."
"ယွန်းရယ်..."
ယွန်းသည် သူမ၏ ပိတ်လှောင်ခံဘဝကို တခြားသူတွေအား မသိစေချင်ခဲ့ပါ... မမြတ်သည် Rio လေးနှင့် ဆော့ပေးကာ ညနေလောက်မှ ပြန်သွားခဲ့လေသည်... အိမ်ထောင်ဦးစီးမရှိသည့်အိမ်တွင် သူမသည် အိမ်ရှင်မလုပ်ကာ သားလေးနှင့် သူပြန်လာတာကို စောင့်နေရအုံးမည်... ဖြစ်နိုင်ရင် သူမထွက်ပြေးလိုက်ချင်သော်လည်း Rio လေးကို သူမကဲ့သို့ အဖေမရှိဘဲ မကြီးပြင်းစေလိုတော့...
မကြာခင် သားလေးလည်း မူကြိုတက်ရမည့် အရွယ်သို့ ရောက်တော့မည်... Rio လေးသည် သူ့အမေ၏ စိတ်ကို နားလည်သည့်နှယ် အမြဲတမ်း သူမဘေးတွင် တိတ်ဆိတ်စွာနေပေးတတ်သည်... သူမဝမ်းနည်းသည့်အချိန်များတွင် သူမပေါင်ပေါ် ခေါင်လေးမှီရင် အိပ်နေတတ်သည်... ဒီလိုသားလေးမျိုးရထားသည့်အတွက် သူမအသက်ရှင်နေရတာ အနည်းငယ်တော့အဓိပ္ပာယ်ရှိသလိုလို..
ခေတ်သွေးတို့၏ အကိုကြီး မြန်မာပြန်ကို ပြန်ပြောင်းလာတာကြောင့် Tracy လည်း တခါတခါ မမြတ်နှင့် Rio လေးအား ကြည့်ရန်လိုက်လာတက်လေသည်... သူမကိုတော့ အကြောမတည့်စွာ ပြောဆိုသော်လည်း Rio လေးအား ခေတ်သွေးကိုယ်ပွားလေးမှတ်ကာ ချစ်ခင်လေသည်...
ခေတ်သွေးသည် သူမဖုန်းကို မကြာမကြာဆက်တက်သော်လည်း သူမ မကိုင်သည်က များသည်... သူမ မကိုင်သည့်အခါ အိမ်ဖုန်းကိုဆက်ပြီး သူမနှင့် သားလေးအကြောင်းမေးကာ ဖုန်းချချသွားသည်...
![](https://img.wattpad.com/cover/226797136-288-k480968.jpg)