အပိုင်း (၈၀) ဇာတ်သိမ်းပိုင်း

5.9K 117 11
                                    

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်....

"ထွက်လာပြီ ထွက်လာပြီ... ဟိုမှာ ဟိုမှာ..."

သတင်းထောက်များသည် သူ့ထက်ငါ အလုအယက်တိုးဝှေ့ကာ ကားများစီးတန်းရပ်ထားသည့် နေရာသို့ ပြုံတိုးနေကြလေသည်...

"ကျွန်တော်တို့မေးခွန်းအနည်းငယ်မေးလို့ရမလားခင်ဗျ..." 

"ဒီဘက်တစ်ချက်ကြည့်ပေးပါခဗျ..."

"လက်ထပ်တော့မယ်ဆိုတဲ့ သတင်းက တကယ်လားခင်ဗျ..."

"ဂျပန်နံမည်ကြီး brand နဲ့ collab လုပ်နိုင်ခဲ့တဲ့အကြောင်းလေး ပြောပေးလို့ရမလားခဗျ...."

သတင်းထောက်များသည် သူတို့သိချင်နေသည့် မေးခွန်းများအား တရစပ်မေးနေကြသည်ဖြစ်ရာ 

ပျံလွှားသည်လည်း ဘောဒီဂတ်များနှင့်အတူ အလုပ်များနေလေသည်....

"ကိုခေတ်သွေး တစ်ခုလောက်ဖြေပေးသွားပါခင်ဗျ...."

နောက်ဆုံးကားပေါ်တက်ခါနီးတွင်တော့ သတင်းထောက်တစ်ယောက်၏ အော်သံနှင့်အတူ ခေတ်သွေး၏ ခြေအစုံက ရပ်တန့်သွားလေသည်....

ပတ်ဝန်းကျင်သည်လည်း ရုတ်တရပ်ငြိမ်ကျသွားပြီးမှ သတိပြန်ဝင်ကာ ခေတ်သွေးမျက်နှာရှေ့သို့ အလုအယက်မိုက်များ ထိုးပေးကြလေတော့သည်....

"ကျွန်တော် မင်္ဂလာဆောင်မယ့်သတင်းက အမှန်ပါ... ဒါပေမယ့် ကျွန်တော့်အမျိုးသမီးက နံမည်ကြီးမဟုတ်လို့ သူမရဲ့ personal information ကို share ပေးနိုင်မှာမဟုတ်ပါဘူး.... လုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သတ်တာတွေကို ကျွန်တော်တို့ရုံးရဲ့ main page ကနေ ကြေငြာပေးပါမယ်... သွားခွင့်ပြုကြပါအုံး..."

ခေတ်သွေး၏ စကားအဆုံးတွင် သတင်းထောက်များသည် ဘာတစ်ခွန်းမှ ထပ်မမေးနိုင်ကြတော့ဘဲ... သတင်းထောက်အမျိုးသမီးများသည်တော့ တိုတောင်းလှသည့် အချိန်လေးတွင် ခေတ်သွေးရဲ့ တိုက်ရိုက်အဖြေကို ကြားလိုက်ရခြင်းကြောင့် အိပ်မက်မက်နေသည်ဟုပင် ထင်နေကြလေသည်... 

အတန်ငယ်ကြာမှ ခေတ်သွေးက သူ့မင်္ဂလာသတင်းကို အသိပေးသွားသည်ကို အမှတ်ရပြီး နှမျောသသဖြစ်ကျန်နေတော့သည်...

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Where stories live. Discover now