အပိုင်း (၅၉)

1.5K 73 4
                                    

"Jack ဘာလို့ ယွန်းလှဖုန်းက ဆက်လို့မရတာလဲ..."

ယွန်းဆိုသည့် နာမ်စားသည် ခေတ်သွေးက သူမအားတိုက်ရိုက်ခေါ်မှသာ သုံးလေ့ရှိပြီး တခြားသူများကို ပြောလျှင်တော့ ယွန်းလှဟုသာ သုံးတတ်သည်.... သူအလွန်စိတ်ဆိုးသည့်အချိန်မှသာ ယွန်းလှနွယ်ဟု ခေါ်တတ်သည်...

"ကျွန်တော်က Rio လေးကို မူကြိုကြိုဖို့ သွားနေတာ အကိုလေး..."

"ကျွတ်... ဘယ်သူတွေကျန်ခဲ့လဲ..."

"ဗညားတို့တော့ ကျန်ခဲ့တယ်အကိုလေး..."

"အင်း သူတို့ကို မြန်မြန်ဆက်သွယ်ပြီး ငါ့ကို အကြောင်းကြားခိုင်းလိုက်..."

"ဟုတ်ကဲ့သိပါပြီ အကိုလေး..."

ခေတ်သွေးသည် Okura ၏ company တွင်ဖြစ်ရာ ပိုင်ဆိုင်ကြောင်းလွှဲပြီးသည်နှင့် နားနေခန်းထဲတွင် ယွန်းလှကို ဖုန်းဆက်နေခြင်းဖြစ်လေသည်...

"အကိုလေး သိပ်စိတ်မပူပါနဲ့ မမလေး ဖုန်းအားကုန်သွားလို့နေမှာပါ..."

ယွန်းလှသည် အလုပ်တစ်ဖက်နဲ့ဆိုရင် ဖုန်းအားသွင်းဖို့မေ့တတ်သည်... ရန်ကုန်မှာရှိနေရင်တော့ သူတွေ့ချင်တဲ့အချိန်ပြေးတွေ့လို့ရသည်... ယခုတွင်တော့...

"ပျံလွှား... ကော်ဖီတစ်ခွက်လောက်ယူခဲ့ပေးပါ..."

"ဟုတ်ကဲ့ သိပါပြီအကိုလေး..."
ပျံလွှားထွက်သွားပြီးနောက် သူ၏ ဖုန်းထဲ message တစ်စောင် ဝင်လာလေသည်... သူစုံလည်ထိုင်ခုံကို လှည့်ကာ တံခါးပေါက်ကို ကျောပေးရင်း ထိုမက်ဆေ့ချ်ကို ဖွင့်ဖောက်ကြည့်လိုက်သည်...

Jack ဆီမှ ပုံတစ်ပုံဖြစ်ကာ အောက်တွင်လည်း စာပါလေသည်... ပုံသည်တော့ သားဖွားမီးယပ်ဌာနသို့ ဝင်သွားသည့် ယွန်းလှနှင့် စည်သူ့ပုံပင်ဖြစ်လေသည်... အောက်က စာတွင်တော့

"မမလေးမှာ ကိုယ်ဝန်ရှိနေပြီ..."

"အို..."

နောက်မှအသံကြောင့် ခေတ်သွေးဖုန်းကို power button နှိပ်လိုက်သည်...

"ယွန်းလှမှာ ကိုယ်ဝန်ရှိနေတာလား... congratulations ပါ... ဒါပေမယ့် ရှင့်ကလေးဆိုတာကော သေချာရဲ့လား..."

ကံကြမ္မာသာ ငါတို့ဘက်မှာရှိရင်Onde histórias criam vida. Descubra agora