"ဒါ ဘာဖြစ်နေကြတာလဲ..."
"ကိုထွန်း... မဟုတ်ဘူး မဟုတ်ဘူးနော်...."
ဦးထွန်းခေါင်သည် သူ၏ချစ်လှစွာသော သူငယ်ချင်းနှင့် သူ့ချစ်ဇနီးတို့၏ မြင်ကွင်းအား သူ့မျက်လုံးပင် သူမယုံကြည်နိုင်....
သူမမူးဟုဆိုသော ဦးဇေယျသည်ကား ဦးထွန်းခေါင်ကိုတောင် မည်သူမှန်း မသဲကွဲချေ...
"ခွက်... အင့်..."
ဦးထွန်းခေါင်၏ လက်သီးများသည် ဦးဇေယျ၏မျက်နှာအား ဆင့်ကာဆင့်ကာ ရောက်ရှိလာသည်...
"ကိုထွန်း လက်လွန်မယ် မလုပ်ပါနဲ့... လာကြအုံး... နင်တို့ဆရာကို ဆွဲကြအုံး..."
ဒေါ်မူယာသည် ဝတ်လစ်စားလစ်ဖြစ်နေသော အကျီများအား ဆွဲဖုံးကာ ဦးထွန်းခေါင် လက်လွန်မည် စိုးရိမ်၍ ဝင်ဆွဲလေသည်... ထိုသည်အား
"ဘာလဲ မင်တို့ခိုးစားတာ ငါသိသွားလို့ မင်းကောင် သေမှာကြောက်နေတာလား..."
"ကိုထွန်းခေါင်....."
ဒေါ်မူယာ၏ အော်သံသည် မီးဖိုးခန်းအတွင်း ပျံ့နှံ့လို့သွားခဲ့သည်...
ဦးထွန်းခေါင်သည် အသိမကပ်တော့သော ဦးဇေယျကို လွှတ်ချကာ...
"ဟုတ်တယ်လေ... မင်းက ငါ့သူငယ်ချင်းနဲ့တောင် ခိုးစားရဲတယ်ပေါ့..."
"ဖြန်း...."
"ရှင် ကျွန်မကို မယုံဘူးလား..."
"ဟက်... ဒီမြင်ကွင်းနဲ့ ငါက ဘာကို ယုံရမှာလဲ.... ငါကဘာကိုယုံရမှာလဲ... မင်းပြောစမ်းပါ...."
ဦးထွန်းခေါင်သည် သူမအား မယုံကြည်ကာ ပုခုံးနှစ်ဖက်ကို လှုပ်ကိုင်ရင်း မေးလိုက်လေသည်....
"ရှင်.... ရှင်..."
ဒေါ်မူယာသည် ငိုရှိုက်ကာ မည်သည့်စကားမှ ထွက်မလာတော့ဘဲ အပေါ်ထပ်သို့ တက်ပြေးသွားလေသည်...
"တောက်.... ဟာကွာ..."
ဧည့်ခန်းတွင်တော့ ချစ်ဇနီးအတွက် ယူလာသည့် ပန်းစည်းသည် မြေပြင်ပေါ်တွင် ပြန့်ကျဲစွာ...
ဦးဇေယျအား သူ့လူများက လာခေါ်ကာ ဆေးရုံသို့ ပို့လိုက်ရလေသည်....
![](https://img.wattpad.com/cover/226797136-288-k480968.jpg)